DVB Logo
Home
Lead Story
ပြည်သူဖွံ့ဖြိုးရေး ဘုံသဘောတူညီချက်နဲ့လုပ်ကြရင် မပြေလည်စရာမရှိဘူး- ဦးညီပု
DVB
·
March 28, 2016
ပြည်သူဖွံ့ဖြိုးရေး ဘုံသဘောတူညီချက်နဲ့လုပ်ကြရင် မပြေလည်စရာမရှိဘူး- ဦးညီပု
Donate to DVB

ဒီကနေ့ ရခိုင်ပြည်နယ်လွှတ်တော်မှာ နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်ခံရသူ ဦးထင် ကျော်က အဆိုပြုတဲ့ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်အဖြစ် ဂွမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) က ရွေးကောက်ခံ ပြည်နယ်လွှတ်တော်အမတ် ဦးညီပုကို အမည်စာရင်းတင်သွင်းပါတယ်။ အဆိုတင်သွင်းအပြီးမှာ လွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌက လွဲလို့ ကျန်တဲ့ ရခိုင်အမျိုးသားပါတီ(ANP) လွှတ်တော်ကိုယ်စားလှယ်အားလုံး လွှတ်တော်ကို သပိတ်မှောက်ထွက်သွားခဲ့ပါတယ်။ ရခိုင်ပြည်နယ်မှာ ရခိုင်အမျိုးသားပါတီက လွှတ်တော်ကိုယ်စားလှယ် ၂၄ နေရာရရှိပြီး ၀န်ကြီးချုပ်တာဝန်မပေးရင် အတိုက်အခံလုပ်သွားမယ်လို့ ကြိုတင်ကြေညာခဲ့ရာက အခုလို သပိတ်မှောက်ထွက်ခွာတဲ့အဆင့်ထိ ရောက်ခဲ့တာပါ။ အဆိုတင်သွင်းခံရတဲ့ ဦးညီပုကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းပါတယ်။

ရခိုင်ပြည်နယ်လွှတ်တော်မှာ ဒီကနေ့ အန်ကယ်ဦးညီပုကို ပြည်နယ်ဝန်ကြီးချုပ်အဖြစ် တင်မြှောက်တယ်လို့သိရပါတယ်။ ဟုတ်ပါသလား။
“ဟုတ်ပါတယ်။ သမ္မတဆီက ပေးပို့လိုက်တဲ့ စာအရပေါ့လေ ဥက္ကဋ္ဌကနေပြီးတော့ လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ်တွေကို တင်ပြတာပေါ့။”

ဒီကနေ့ တခါတည်း အတည်ပြုဖြစ်လားခင်ဗျာ။
“အဲလိုတော့ အတည်မပြုသေးပါဘူး။ မနက်ဖြန်အစောကြီး ဒီဟာနဲ့ပတ်သက်လို့ ကန့်ကွက် လိုတဲ့သူ ရှိလို့ရှိရင် စာရင်းပေးဖို့။ ဗုဒ္ဓဟူးနေ့ ၃၀ ရက်နေ့ ဆိုရင်တော့ လွှတ်တော်ရဲ့ အဆုံးအဖြတ် ယူမှာပေါ့။”

ရခိုင်ပြည်နယ်လွှတ်တော်မှာ ကျန်တဲ့ တိုင်းနဲ့ပြည်နယ်လွှတ်တော် ၁၃ ခုနဲ့မတူတာက ကိုယ်စားလှယ်တချို့က ရင်ထိုးတံဆိပ်အမဲရောင် ၀တ်ဆင်မှု၊ လွှတ်တော်အစည်းအဝေး မပြီးဆုံးခင် လွှတ်တော်ခန်းမက ထွက်ခွာမှုတွေ ဖြစ်ခဲ့တယ်ဆိုတာ ဟုတ်တယ်မဟုတ်လားခင်ဗျ။ ဘာဖြစ်လို့ပါလဲ။
“ဒါကတော့ သူတို့ပါတီအဖွဲ့အစည်းရဲ့သဘောထားကို သူတို့လုပ်တဲ့အနေအထားလို့ ထင်ပါတယ်။ အသေးစိတ်တော့ သူတို့ပါတီအခြေအနေတော့ ကျနော် မသိပါဘူး။”

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ဦးညီပုကို လျာထားတယ်ဆိုတာ လွန်ခဲ့တဲ့လတွေကတည်းက ဦးဦးဖျားဖျားသိခဲ့ရတယ်။ ကျန်တိုင်းနဲ့ပြည်နယ်ထက်စာရင် အန်ကယ်က ကိုယ့်လူမျိုးတိုင်းရင်းသား ပါတီချင်း ညီညွတ်အောင် ဆောင်ရွက်ရမယ့် အလုပ်တခုပိုတယ်။ ၀န်ကြီးချုပ်ဖြစ်ရင် အရင်ဆုံးဘာလုပ်မလဲခင်ဗျ။

“ခုပြောတဲ့ကိစ္စတွေလည်း ကျနော်တို့က လုပ်သွားမှာပါ။ ကိုယ့်ပြည်နယ်နဲ့ပတ်သက်တဲ့ ပြင်စရာတွေ၊ ရခိုင်ပြည်သူတွေအတွက် လုပ်ဆောင်ရမယ့်လုပ်ငန်းတွေ ဒါတွေကတော့ ကျနော်တို့ လုပ်ကိုလုပ်မှာပါ။ အောင်မြင်အောင်လည်း ဆောင်ရွက်သွားမှာပါ။

ရခိုင်အမျိုးသားပါတီနဲ့ အန်အယ်လ်ဒီကြားထဲမှာ ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်ပြီးတော့ ညှိလို့ မရနိုင်တဲ့အချက်တွေက ကြီးကြီးမားမားရှိလား။ ဘယ်လိုမျိုးနားလည်ရမလဲ။
“အဲဒါတွေကတော့ မီဒီယာတွေမှာ တက်နေတဲ့ဟာ ရှိပါတယ်။ သူတို့ဖက်က ပြည်နယ်မှာ ၀န်ကြီးချုပ်ဖြစ်ရမယ်၊ အကယ်၍ ၀န်ကြီးချုပ်မဖြစ်ဘူးဆိုခဲ့ရင် အစိုးရအဖွဲ့အစည်းတွေထဲမှာလည်း ပါဝင်မှာမဟုတ်ဘူးဆိုတဲ့ ကြေညာချက်တွေ ထုတ်ထားတယ်လေ။ အဲဒီအနေအထားအရတော့ သူတို့ရှိနေတဲ့သဘောပါ။”

ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့တဲ့သီတင်းပတ်က ရခိုင်အမျိုးသားပါတီက လွှတ်တော်ကိုယ်စား လှယ်တွေနဲ့ တွေ့တယ်။ ပါတီတဖက်ကို ၃ ဦးစီနဲ့ မကြာခင် တွေ့ဆုံဆွေးနွေးမယ်ဆိုတဲ့ကိစ္စလေ၊ အဲဒီတွေ့ဆုံပွဲကျရင် အန်ကယ်တို့ ဘာအကြောင်းအရာတွေ ဦးစားပေးဖို့ လိုမလဲ။
“အဲဒီကိစ္စတွေကတော့ ကျနော်အသေးစိတ်မသိပါဘူး။ အဲဒီမှာ ဦးဆောင်ဦးရွက် လုပ်နေတဲ့ သူတွေ ဆွေးနွေးကြမှာပါ။”

အခုလိုမျိုး ရခိုင်အမျိုးသားပါတီက ဒီလိုဆောင်ရွက်နေမယ်ဆိုရင် ဦးတာဝန်ယူရမယ့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်တာဝန်က ပြည့်ပြည့်၀၀ထမ်းဆောင်နိုင်ပ့ါမလား။ ရခိုင်ပြည်သူတွေ အကျိုးခံစားရပါ့မလား။
“ကျနော်တို့ကတော့ ရခိုင်ပြည်သူတွေအတွက် အဓိက ကြိုးစားမှာပါလေ။ လုပ်တဲ့နေရာမှာတော့ အခက်အခဲလေးတွေတော့ ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမယ့်လည်းပဲ ဒါတွေဟာ ကိုယ့်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးကိုပဲ ဦးတည်ပြီးတော့ လုပ်နေတယ်လို့ပဲ ကျနော်ဒီလိုပဲ နားလည်ပါတယ်။ အဲဒီအပေါ်မှာ ကျနော်တို့အားလုံး ဘုံသဘောတူညီချက်နဲ့ ပြည်သူတွေ ဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့ ဦးတည်ချက်နဲ့ လုပ်သွားရင်တော့ မပြေလည်နိုင်စရာ အကြောင်းမရှိဘူး လို့ ထင်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013