ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်လ်ဒီကိုယ်စားလှယ်များ တွေ့ဆုံမှုအပေါ် ဦးဝင်းထိန် ပြောကြားချက် (ရုပ်သံ)

ဓာတ်ပုံ - NLD Chairperson

ဓာတ်ပုံ - NLD Chairperson

ဓာတ်ပုံ - NLD Chairperson

ဓာတ်ပုံ - NLD Chairperson

ဓာတ်ပုံ - NLD Chairperson
1.1K
ပြည်ထောင်စုလွှတ်တော် အစည်းအဝေးအပြီး ဒီနေ့ နေ့လယ် ၁၁ နာရီခွဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ နေပြည်တော် လွှတ်တော်အတွင်းရှိ ဇမ္ဗူသီရိခန်းမဆောင်မှာ တွေ့ဆုံပါတယ်။
သမ္မတသစ် ဦးထင်ကျော် တင်သွင်းပြီး ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားတဲ့ ပြည်ထောင်စုဝန်ကြီး ၁၈ ယောက် စာရင်းထဲမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်နေပြီး သူဟာ ၀န်ကြီးဌာန လေးခုကို တာဝန်ယူဖို့ ရှိနေတယ်လို့လည်း ပါတီတာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။
အခု အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပွဲမှာတော့ ဒေါ်အောင်ဆန်းစုကြည် ဟာ ပါတီကိစ္စတွေ လုပ်နိုင်မှာဖြစ်တဲ့အတွက် မှာကြားတဲ့သဘောလို့ ဦးဝင်းထိန်က ပြောပါတယ်။
ရုပ်သံ - ကျော်ဇေယျာဝင်း