DVB Logo
Home
မြန်မာသတင်း
စစ်တွေ ဆန်ပြဿနာ ၄၄ နှစ်ပြည့် အခမ်းအနားများ ကျင်းပ
DVB
·
August 13, 2011
Donate to DVB

ဒီကနေ့မှာ ကျရောက်တဲ့ စစ်တွေ ပြဿနာ ဖြစ်ခဲ့တာဟာ ၄၄ နှစ်ပြည့်ခဲ့တဲ့ အခမ်းအနားတွေကို ရခိုင်ပြည်နယ်က မြို့နယ်တွေနဲ့ ရန်ကုန်မြို့မှာလည်း ကျင်းပကြပါတယ်။

ဒီကနေ့ဟာ ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဆန်ရရှိရေးအတွက် ဆန္ဒပြခဲ့တဲ့ ဆန္ဒပြသမားတွေကို ပစ်သတ်ခဲ့တာ ၄၄ နှစ် ရှိသွားပါပြီ။ စစ်တွေမှာ ဆန်ပြဿနာကြောင့် သွေးမြေကျရတဲ့ အခမ်းအနားတွေကို ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းတို့က မြို့နယ်တချို့မှာ ပြုလုပ်ခဲ့တဲ့လို့ ရက္ခအလင်းတန်းအဖွဲ့က ပြောပါတယ်။

ရခိုင်ပြည်နယ်မှာရှိတဲ့ စစ်တွေ၊ မြောက်ဦး၊ ကျောက်တော်၊ တောင်ကုတ်၊ မင်းပြား အစရှိတဲ့ မြို့နယ်တွေမှာ သံဃာတွေ ဆွမ်းကပ်ပြီး ပိုစတာ ကမ်ပိန်းတွေ လုပ်ခဲ့တယ်လို့ အဲဒီအဖွဲ့ရဲ့ ပြောခွင့်ရ မပံသု့စံက ပြောပြပါတယ်။

၄၄ နှစ်ပြည့်မြောက်ပြီ ဖြစ်ပေမယ့် ခုချိန်ထိ ဆန္ဒပြသမားတွေ ပစ်သတ်ခဲ့တဲ့ တရားခံတွေကို မဖော်ထုတ်နိုင်သေးဘူးလို့လည်း မပံသု့စံက ဆိုပါတယ်။

၁၉၆၇ ခုနှစ် ဩဂုတ်လ ၁၃ ရက်နေ့မှာ မဆလအစိုးရက ငြိမ်ချမ်းစွာ ဆန္ဒပြခဲ့တဲ့ စစ်တွေမြို့က ဆန္ဒပြသမားတွေကို ပစ်သတ်ခဲ့တဲ့အတွက် ဆန္ဒပြသူပေါင်း ၂၀၀ ကျော်သေဆုံးခဲ့ပြီး ၁၀၀ ကျော်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013