ကုလအတွင်းရေးမှူးချုပ်နှင့် ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ ဂျော်ဒန်တွင် ဒုက္ခသည်များနှင့်တွေ့ဆုံ

ဓာတ်ပုံ - ယူအန်
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းနဲ့ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ ဂျင်မ်ယောင်ကင်မ်တို့ဟာ ဂျော်ဒန်နိုင်ငံက ဇာတာရီ ဒုက္ခသည်စခန်းကို မတ် ၂၇ ရက်နေ့က လာရောက်လည်ပတ်ပြီး ဒုက္ခသည်တွေနဲ့ တွေ့ဆုံပါတယ်။ လူငယ်ဒုက္ခသည်တွေနဲ့ စကားပြောပြီး ဆီးရီးယား မိန်းကလေးတွေရဲ့ ဖျော်ဖြေမှုကို ကြည့်ရှုပါတယ်။ အဲဒီနောက် စခန်းထဲက ကျောင်းကို သွားရောက်ပြီး စာသင်ခန်းတခန်းက စာသင်ချိန်တချိန်ကို တက်ရောက်ခဲ့ကြပါတယ်။ သူတို့ကို ဂျော်ဒန်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး အန်ဒရူး ဟာပါက စခန်းရဲ့ အခြေအနေအကြောင်း ရှင်းပြပါတယ်။ စီးပွားရေးလုပ်ပိုင်ခွင့် တိုးမြှင့်မှုနဲ့ ပညာရေး အရည်အသွေး တိုးတက်မှုတွေ ရှိနေပေမယ့် လူငယ်အလုပ်လက်မဲ့နှုန်း ကျယ်ပြန့်နေတဲ့အကြောင်းကို ဒီခရီးစဉ်က အာရုံစိုက်ထားပါတယ်။ ဆီးရီးယားသမ္မတ ဘာရှားလ် အယ်လ် အာဆတ်ကို ဆန့်ကျင်ဆန္ဒပြရာက စခဲ့တဲ့ ပြည်တွင်းစစ် ၅ နှစ်အတွင်း လူပေါင်း ၄ ဒသမ ၂သန်း နိုင်ငံစွန့်ခွာ ထွက်ပြေးခဲ့ကြပါတယ်။ လူ ၁၃ ဒသမ ၅သန်းကတော့ ဆီးရီးယားနိုင်ငံထဲမှာတင် ပြည်တွင်း စစ်ပြေးဒုက္ခသည်တွေ ဖြစ်နေပြီး အကာအကွယ်နဲ့ အကူအညီ လိုအပ်နေကြပါတယ်။ သူတို့ထဲက လူ ၆ သန်းက ကလေးတွေလို့ ကုလသမဂ္ဂက ဆိုပါတယ်။ ဇာတာရီ ဒုက္ခသည်စခန်းဟာ ဂျော်ဒန်ရဲ့ စတုတ္ထအကြီးဆုံးမြို့ဖြစ်ပြီး ဒုက္ခသည် အယောက် ၈ သောင်းခွဲ နေထိုင်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up