Home
ရုပျသံ
တရားဥပဒေစိုးမိုးရေးနှင့် လာဘ်ပေးလာဘ်ယူပပြောက်ရေး အဓိကလုပ်ဆောင်မည်ဟု ဧရာဝတီတိုင်းဝန်ကြီးချုပ်သစ် ပြော (ရုပ်သံ)
DVB
·
March 28, 2016
တရားဥပဒေစိုးမိုးရေး လာဘ်ပေးလာဘ်ယူပပြောက်ရေး အဓိကထားလုပ်ဆောင်မှာဖြစ်ပြီး ပြည်သူမကြိုက်တဲ့ စီမံကိန်းတွေနဲ့ ပြည်သူမကြိုက်တာ ဘာတခုမှလုပ်ဆောင်မှာ မဟုတ်ဘူးလို့ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံရတဲ့ ဦးမန်းဂျော်နီက မီဒီယာတွေကို ပြောပါတယ်။ မတ်လ ၂၈ ရက်နေ့မှာကျင်းပတဲ့ ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပဉ္စမမြောက်အစီအစည်းအဝေးမှာ နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသူ ဦးထင်ကျော်က ကျုံပျော်မြို့နယ် မဲဆန္ဒနယ်အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမန်းဂျော်နီကို ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် အမည်စာရင်းတင်သွင်းခဲ့ပြီး လွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြုလိုက်တာဖြစ်ပါတယ်။ ရိုက်ကူး - သော်ဇင်မျိုး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024