ရန်ကုန် ကားကျပ်တဲ့ပြဿ နာနှင့် အမှိုက်ကင်းစင်ရေး စိန်ခေါ်မှုတွေဟု ၀န်ကြီးချုပ်အသစ် ပြော

ရန်ကုန်မြို့ ကားကျပ်တဲ့ပြဿ နာနှင့် အမှိုက်ကင်းစင်ရေး စိန်ခေါ်မှုတွေလို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ်အဖြစ် သမ္မတသစ် ဦးထင်ကျော် အဆိုပြုထားသူ ဦးဖြိုးမင်းသိန်းက ဒီကနေ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ ပြောဆိုလိုက်ပါတယ်။ ဦးဖြိုးမင်းသိန်းက "ရန်ကုန်တိုင်းဟာ အခက်အခဲတွေ စိန်ခေါ်မှုတွေ အများကြီးရှိနေတယ်။ ရန်ကုန်တိုင်းအတွင်း ကားကျပ်တဲ့ပြဿ နာ၊ အလုပ်လက်မဲ့ပြဿ နာ၊ အမှိုက်ကင်းစင်ရေး ကိစ္စတွေ အများကြီး လုပ်ဆောင်ဖို့လိုတယ်။ အဓိက ကတော့ ရန်ကုန်တိုင်းအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးက အဂတိလိုက်စားမှု ကင်းစင်တဲ့ ပြည်သူလိုလားတဲ့ အစိုးရတရပ်ဖြစ်အောင် တည်ဆောက်သွား မယ်"လို့ မီဒီယာတွေကို ပြောကြားသွားပါတယ်။

More News
Up