ရန်ကုန်၊ မန္တလေးနှင့် ဧရာဝတီတိုင်း ၀န်ကြီးချုပ်များအဖြစ် ဦးဖြိုးမင်းသိန်း၊ ဒေါက်တာ ဇော်မြင့်မောင်နှင့် မန်းဂျော်နီတို့ကို သက်ဆိုင်ရာ ပြည်နယ်နဲ့တိုင်းဒေသကြီးလွှတ်တော် တွေက ၀န်ကြီးချုပ်များအဖြစ် အတည်ပြု ခန့်အပ်လိုက်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် မဲဆန္ဒနယ် ၂ က တိုင်းဒေသကြီး လွှတ်တော်အမတ် ဦးဖြိုးမင်းသိန်းကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းဝေးမှာ ဒီနေ့ မနက်က ရန်ကုန်တိုင်းဝန်ကြီးချုပ်အဖြစ် အတည်ပြုလိုက်ပါတယ်။
ဒီကနေ့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ပုံမှန်အစည်းအဝေးမှာ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က မန်းတိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ် အမပူရ မဲဆန္ဒနယ်အမှတ် ၁ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဇော်မြင့်မောင်ကို သဘောတူခဲ့ကြပါ တယ်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ် ကျုံပျော်မြို့နယ် မဲဆန္ဒနယ်အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် မန်းဂျော်နီ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်က ကန့်ကွက်သူမရှိ သဘောတူခဲ့ကြပါတယ်။