DVB Logo
Home
မြန်မာသတင်း
ပို့ကုန်ပစ္စည်းတချို့နှင့် အ၀ယ်အခွန် ကင်းလွတ်အမိန့် ကြော်ငြာစာထွက်
DVB
·
August 14, 2011
ပို့ကုန်ပစ္စည်းတချို့နှင့် အ၀ယ်အခွန် ကင်းလွတ်အမိန့် ကြော်ငြာစာထွက်
Donate to DVB

ပြည်ထောင်စု အစိုးရသစ်ရဲ့ ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာနကနေ ပို့ကုန်ပစ္စည်း တချို့နဲ့ အ၀ယ်အခွန် ကင်းလွတ်တဲ့ အမိန့်ကြော်ငြောစာကို ဩဂုတ်လ ၁၁ ရက်နေ့ စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။

ပုဂ္ဂလိကပိုင် အိမ်၊ မြေ၊ အဆောက်အဦး၊ တိုက်ခန်းတွေကို ၀ယ်ယူတာ၊ ဆောက်လုပ်တာ၊ ပြုပြင်တာတွေကို ၂၀၁၂ ခုနှစ်အထိ ပေးဆောင်ရန် မလိုဘူးလို့ အဲဒီ ကြော်ငြာစာမှာ ပါရှိပါတယ်။

အဲဒါအပြင် နိုင်ငံခြားကို တင်ပို့မယ် ကုန်ပစ္စည်းတချို့ဖြစ်တဲ့ ဆန်၊ ပဲ၊ ပြောင်း၊ နှမ်း၊ ရာဘာ၊ ရေထွက်ပစ္စည်း အမျိုးမျိုးနဲ့ တိရစ္ဆာန်နဲ့ တိရစ္ဆာန်ထွက် ပစ္စည်းတွေ ကိုလည်း အခွန် ကင်းလွတ်ခွင့် ရရှိမှာ ဖြစ်ပါတယ်။ စီးပွားရေးပညာရှင် ဦးဟန်ထွန်း (အခွန်) ကတော့ အခု ကင်းလွတ်ခွင့် ရလိုက်တဲ့ ပို့ကုန်ပစ္စည်းတွေဟာ အရှုံးပေါ်နေတဲ့ လုပ်ငန်းတွေ ဖြစ်တယ်လို့ ပြောဆိုပါတယ်။

“လောလောဆယ်မှာ အဲဒီ ပို့ကုန်လုပ်ငန်း အတော်များများမှာ အရှုံးပေါ်နေလို့ မပို့နိုင်တော့ဘူး ဖြစ်နေတယ်။ အထူးသဖြင့် ဒေါ်လာဈေးထိုင်ပြီး ကျပ်ငွေ ဈေးတက်နေတယ်ဗျာ။ အဲဒီအခါမှာ ပို့ကုန်လုပ်ငန်းတချို့ ရပ်နေတယ်။ အဲဒါကို အစိုးရအနေနဲ့ ကုစားတဲ့ သဘောဖြစ်ပါလိမ့်မယ်။ ရေထွက်ပစ္စည်း အများဆုံးပါတဲ့ လယ်ထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း မပို့ရတဲ့ အခါမှာ တောင်သူလယ်သမားနဲ့ ရေလုပ်သားတွေမှာ ထိခိုက်နစ်နာမှုတွေ ရှိလာတယ်။ အဲဒါလည်း ကြာပြီဗျ။ အဲဒီ ရေလုပ်သားနဲ့ လယ်သမားတွေကို စားဝတ်နေရေးအတွက် လုပ်နိုင်ကိုင်နိုင်အောင် လုပ်ပေးတဲ့ သဘောပဲဗျ။”

ပို့ကုန်ပစ္စည်းတွေကို အခွန်ကင်းလွတ်ခွင့် ပြုတဲ့အတွက် ပို့ကုန်လုပ်ငန်းရှင် တွေလည်း ငွေကြေးသက်သာတာတွေ ရှိလာတယ်လို့လည်း ရန်ကုန်အခြေစိုက် ပို့ကုန်လုပ်ငန်းရှင် တဦးက ဒီဗွီဘီကို ပြောပါတယ်။

အခုအချိန်မှာတော့ မြန်မာအစိုးရကလည်း တိုင်းပြည်ရဲ့ ကျပ်ငွေတန်းဖိုးနဲ့ နိုင်ငံခြားငွေ ဒေါ်လာဈေးနူန်း လဲလှယ်တဲ့ နှုန်းထားကို တမျိုးတည်း လုပ်တော့မယ်အတွက် ပို့ကုန်လုပ်ငန်း နစ်နာမှာကို ထိခိုက်စေမယ့် အတွက် ကြိုတင်ပြီး ပို့ကုန်လုပ်ငန်းရဲ့ အခွန်တွေကို ကင်းလွတ်ခွင့်ပေးလိုက်တာ ဖြစ်နိုင်တယ်လို့လည်း ဦးဟန်ထွန်းက သုံးသပ်ပြောဆိုသွားပါတယ်။

“exchange rate ကို လဲနှုန်းတမျိုးတည်း ဖြစ်အောင်လုပ်ဖို့အတွက်မှာ အထူးသဖြင့် ထိခိုက်မှာက export လုပ်ငန်း ထိခိုက်မှာ။ ထိခိုက်တဲ့ export မှာ လယ်ယာထွက်ကုန်တွေ၊ ရေထွက်ပစ္စည်း လုပ်ငန်းတွေ မနစ်နာအောင် အရင်ဆုံး လုပ်ပေးတဲ့ သဘောပဲဗျ။ ကျနော်တို့က ရှင်းရှင်း ပြောရရင် export လုပ်ငန်းအပေါ်မှာ tax ကို မကောက်စေချင်ဘူးဗျ။ export လုပ်ငန်းကို tax ကောက်လို့ရှိရင် ပို့ကုန်လုပ်ငန်း အခြေအနေကို ထိခိုက်တယ်။ ပို့နိုင်တဲ့ ပိုကုန်ကလည်း တရားဝင် ပို့ကုန်အတွက်ကတော့ အရောင်းကျတာပေါ့ဗျာ။ အဲတော့ export ပေါ်မှာ tax ကောက်တာကတော့ မသင့်တော်တာ ကြာပြီပေါ့ဗျာ။ ကျနော်ထင်တယ် အစိုးရကလည်း exchange rate ကို လဲနှုန်း တမျိုးတည်း ဖြစ်အောင် လုပ်မယ်ဆိုတော့ သူတို့လက်ထဲမှာလည်း ငွေမာ တော်တော်များများ ရှိပုံရတယ်။ ဒါကြောင့်မို့ ဒီကိစ္စကို အခွန်ဘက်က မယူတော့ဘဲ လျော့ပေးလိုက်တာ ထင်တယ်။”

သွင်းကုန်အတွက် ကောက်ခံတဲ့ အခွန်တွေကိုတော့ လျှော့ပေါ့တာမရှိဘဲ အရင်နှုန်းထားအတိုင်း ကောက်ခံနေတယ်လို့ သိရပါတယ်။

ရန်ကုန်အခြေစိုက် စီးပွားရေးသမား ပညာရှင်များနဲ့ လုပ်ငန်းရှင်တွေကတော့ သွင်းကုန်အခွန်တွေကိုလည်း ကင်းလွတ်ခွင့်ရဖို့ မျှော်လင့်နေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013