Home
မြန်မာသတင်း
ဒီမိုကရေစီဖော်ဆောင်ရေး အဓိကနှောင့်ယှက်မှု ၂ ခုရှိဟု ဗိုလ်ချုပ်မှူးကြီးပြော
နေဖြိုးဝင်း
·
March 27, 2016
12923105_1267379326610417_168801018860185356_n
ဒီမိုကရေစီဖော်ဆောင်ရာမှာ ဥပဒေကို လေးစားလိုက်နာမှု အားနည်းခြင်းနဲ့ လက်နက်ကိုင်သောင်းကျန်းမှုတွေ ရှိနေတာတွေဟာ အဓိကနှောင့်ယှက် ဟန့်တားမှု နှစ်ခု ဖြစ်တယ်လို့ ကာကွယ်ရေးဦးစီးချုပ်က ပြောပါတယ်။ မတ်လ ၂၇ ရက် ဒီနေ့မှာပြုလုပ်ခဲ့တဲ့ နေပြည်တော်က  ၇၁ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့ တာဖြစ်ပါတယ်။ ဒီအချက်နှစ်ချက်ကို ပြုပြင်ကျော်လွှားနိုင်မှသာ ဒီမိုကရေစီလမ်းကြောင်း ဖြောင့်ဖြူးစွာ လျှောက်လှမ်းနိုင်မယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုပါတယ်။ ဒီမိုကရေစီရဲ့သဘောမှာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးကိစ္စရပ်တွေအတွက် ဆန္ဒမဲပေးရွေးကောက်ပွဲ ကျင်းပပြု လုပ်ခြင်းလည်း ပါဝင်တယ်။ အနိုင်ရသူ၊ အနိုင်ရသူပါတီရှိသလို၊ ရှုံးနိမ့်တဲ့သူ၊ ရှုံးနိမ့်တဲ့ပါတီလည်း ရှိလိမ့်မယ်။ ဒီနေရာမှာ ဥပဒေနဲ့ ညီညွတ်ခြင်း၊ တရားမျှခြင်း ရှိ မရှိ ဆိုတာ ဆန်းစစ်ဖို့လိုလိမ့်မယ်လို့ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က ပြောခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024