ထိတ်လန့်ဖွယ် တရုတ်ဆယ်ကျော်သက်အမျိုးသမီး ဂိုဏ်းစတားများရန်ပွဲ (ရုပ်သံ)

တရုတ်နိုင်ငံ၊ ဂွမ်ရှီကျောင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လမ်းမတခုပေါ်မှာ ဖြစ် ပွားခဲ့တဲ့ ဆယ်ကျော်သက်မိန်းကလေး ဂိုဏ်းစတားတွေရဲ့ ရန်ပွဲဟာ အင်တာနက်အသုံး ပြုသူတွေကြားမှာ အထိတ်တလန့်ဖြစ်စေခဲ့ပါတယ်။ ဆယ်ကျော်သက်မိန်းကလေးဦးရေ ၂၀ လောက်ပါဝင်တဲ့ ဒီရန်ပွဲဟာ ပြီးခဲ့တဲ့ သီ တင်းပတ်အတွင်းက လိုင်ဘင်းမြို့တော်၊ ဆီလီယန်မြို့မှာဖြစ်ခဲ့တာလို့ စီစီတီဗွီသတင်း မှာ ဖော်ပြပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ ဆယ်ကျော်သက်မိန်းကလေးတွေဟာ စတီးပိုက်တွေ၊ တောခုတ်ဓားတွေနဲ့အတူ အော်ဟစ်ပြီး တဖက်နဲ့ တဖက်တိုက်ခိုက်ခဲ့ကြတာတွေကို တွေ့ရပါတယ်။ ရဲတွေရဲ့အဆိုအရ သူတို့အချင်းချင်းကြား အွန်လိုင်းပေါ်မှတဆင့် စကားအခြေ အတင်ပြဿနာစတင်ခဲ့ကြတာဖြစ်တယ်လို့ ပြောပါတယ်။ ကံကောင်းထောက်မစွာပဲ ရန်ပွဲထဲပါဝင်တဲ့ မိန်းကလေးတွေမှာ ကြီးကြီးမားမားထိ ခိုက်ဒဏ်ရာမရရှိခဲ့ကြဘူးလို့ သတင်းမှာ ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up