စိတ်ဝေဒနာရှင် အမျိုးသမီး ငမိုးရိပ်တံတားပေါ်မှ ခုန်ချသေဆုံး
DVB
·
March 27, 2016
မတ် ၂၆ ရက် မနက်ပိုင်းက ရန်ကုန် ငမိုးရိပ်တံတားပေါ်ကနေ စိတ်ဝေဒနာရှင် အမျိုးသမီးတဦး ခုန်ချသေဆုံးခဲ့တယ်လို့ တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပါတယ်။
သင်္ကန်းကျွန်းမြို့နယ်မှာ နေထိုင်တဲ့ စိတ်ဝေဒနာရှင်အမျိုးသမီးဟာ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ ၂၇ ရပ်ကွက်၊ လေးထောင့်ကန်လမ်းမကြီးရှိ ငမိုးရိပ်တံတားပေါ်မှ ခုန်ချသွားခဲ့ပြီး သူ့အလောင်းကို သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေးရပ်ကွက်၊ ငမိုးရိပ်ချောင်းဘေးမှ ပြန်လည်တွေ့ရှိခဲ့ရတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
အဲ့ဒီသေဆုံးမှုနှင့်ပတ်သက်ပြီး သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏနယ်မြေရဲစခန်းက သေမှုသေခင်းအမှတ် စဉ်(၃/၂၀၁၆) ဖြင့် စစ်ဆေးဆောင်ရွက်နေပါတယ်။
