၆၁ နှစ်မြောက် ကရင်အာဇာနည်နေ့အခမ်းအနား ကျင်းပ
Published By
DVB | 12 August, 2011
5K
0
Share
0
Comment
0
Likes

ဒီနေ့ကျရောက်တဲ့ ၆၁ နှစ်မြောက် ကရင်အာဇာနည်နေ့ကို ကရင်အမျိုးသားအစည်းအရုံးရဲ့ တပ်မဟာ ၆ တပ်ရင်း ၂၀၁ တည်ရှိရာ နယ်မြေမှာ ကျင်းပခဲ့ပါတယ်။
အခုနှစ် ကျင်းပတဲ့ ကရင်အာဇာနည်နေ့ အခမ်းအနားနဲ့ ပတ်သက်ပြီး ကေအန်ယူ ကေအန်အယ်လ်အေ ဗဟိုအထူးတပ်ဖွဲ့က ဗိုလ်မူးကြီး နာဒါးမြက အခုလို ရှင်းပြပါတယ်။
“ဒီနေ့ကတော့ လူထုလည်း အများကြီးလာတယ်၊ မျိုးဆက်သစ်တွေလည်း လာတယ်။ ဒီမျိုးဆက်သစ်အတွက်ကတော့ ကျနော်တို့ တော်လှန်ရေး မအောင်မြင်သမျှ ဆက်ပြီးတော့ လုပ်ရမယ်။ တူတူချီတက်ပြီးတော့ အားလုံးကြိုးစားပြီးတော့ အောင်မြင်မှု ရှိအောင် ကျနော်တို့ လုပ်ရမယ်။”
ဒီအခမ်းအနားကို ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူ ခေါင်းဆောင်တွေနဲ့ အတူ ကေအန်ယူနဲ့ ပြန်လည်ပူးပေါင်းလာတဲ့ ဒီကေဘီအေအဖွဲ့ဝင်တွေ၊ ဒေသခံ ရွာသားတွေလည်း တက်ရောက်ခဲ့ပြီး စစ်ရေးပြအခမ်းအနားနဲ့အတူ အာဇာနည်ကျောက်တိုင်ကို ပန်းခွေချတဲ့ အခမ်းအနားတွေကို ကျင်းပခဲ့ပါတယ်။
ကရင်အာဇာနည်နေ့ကို ကရင်အမျိုးသားခေါင်းဆောင်ကြီး စောဘဦး ကျဆုံးတဲ့ ဩဂုတ်လ ၁၂ ရက်နေ့ကို သတ်မှတ်ထားတာဖြစ်ပြီး ကရင်ပြည်နယ်တွင်းရှိ ကေအန်ယူ တပ်စခန်းအသီးသီးမှာ နှစ်စဉ်နှစ်တိုင်း ကရင်အာဇာနည်နေ့ကို ကျင်းပပါတယ်။