Home
မြန်မာသတင်း
ကောလင်းမြို့နယ်တွင် တရားမဝင် သစ်စက်နှင့်သစ်များ ပိုင်ရှင်မဲ့ဖမ်းမိ
DVB
·
March 26, 2016
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကောလင်းမြို့နယ် သဖန်းတောင်ကြိုးဝိုင်း အကွက်အမှတ် ၂၇ အတွင်းမှာ တရားမဝင်သစ်စက် ၂ လုံး၊ သစ်တွေနဲ့ ဆက်စပ်စ္စည်းတွေကို မတ်လ ၂၅ ရက်နေ့က ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပါတယ်။ မတ် ၂၅ ရက်နေ့ မွန်းလွဲပိုင်းလောက်မှာ ကောလင်းမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီး အရာရှိ ဦးချစ်လှိုင် ဦးဆောင်တဲ့အဖွဲ့နဲ့ ရဲတပ်ဖွဲ့ဝင်တွေက သဖန်းတောင်ကြိုးဝိုင်း အကွက်အမှတ် ၂၇ အတွင်းမှာ တရားမဝင်ကျွန်းသစ်အပါအ၀င် စုစုပေါင်း သစ်တန် ၁ ဒသမ ၅၇၀ တန်၊ သစ်ခွဲချောင်းတွေ၊ သစ်စက် ၂ လုံးနဲ့ ဆက်စပ်ပစ္စည်းတွေကို ပိုင်ရှင်မဲ့ ဖမ်းဆီးမိခဲ့တာလို့ သစ်တောဦးစီးဌာနက သိရပါတယ်။ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိတဲ့ သစ်စက်တွေနဲ့ သစ်တွေကို ကျွန်းတောဘိနယ်သစ်တောစခန်းမှာ သိမ်းဆည်းထားပြီး ဆက်လက် စုံစမ်းနေတယ်လို့ သိရပါတယ်။ သတင်းဓာတ်ပုံ - ကိုကိုလင်း (အင်းတော်)  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024