ချမ်းအေးသာစံမြို့နယ်တွင် မီးလောင် (ဓာတ်ပုံ)

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် မောရဂီဝါရပ်ကွက် ၆၈၂- ၇၃ လမ်း ၇၄ လမ်းကြား ၃၄ လမ်း မှာ ဒီနေ့မနက်အစောပိုင်း ၃ နာရီကျော်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပါတယ်။ မီးလောင်ကျွမ်းမှုကြာင့် နေအိမ် ၈ လုံး မီးလောင်ပျက်စီးခဲ့ပါတယ်။ မီးလောင်ရတဲ့အကြောင်းရင်းနဲ့ ပတ်သက်လို့ စတင်လောင်ကျွမ်းခဲ့တဲ့ အိမ်ရှင်ဖြစ်သူကို  သက်ဆိုင်ရာက ခေါ်ယူစစ်ဆေးနေပါတယ်။ မီးဘေးသင့်အိမ်ထောင်စု ၂၃ စုကို ဟိန္ဒူဘုရားဝင်းအတွင်းမှာ ကြက်ခြေနီစခန်းဖွင့်ပြီး ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားပါတယ်။ ဓာတ်ပုံ - အောင်အောင်နိုင်  

More News
Up