Home
မြန်မာသတင်း
စင်ကာပူ - မြန်မာ နှစ်နိုင်ငံ အပြန်အလှန် ဗီဇာကင်းလွတ်ခွင့်ရရှိရေး ဆွေးနွေး
DVB
·
March 25, 2016
12718150_926244927489041_3520952357708991019_n
စင်ကာပူနဲ့ မြန်မာ နှစ်နိုင်ငံ အပြန်အလှန် ဗီဇာကင်းလွတ်ခွင့် ရရှိရေးအတွက် အမျိုးသားလွှတ်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ အမျိုးသားလွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်း ချစ်ကြည်ရေးနဲ့ ပူးပေါင်း ဆောင်ရွက်ရေးကော်မတီ ဥက္ကဋ္ဌဦးဇုန်လှယ်ထန်းဟာ ရန်ကုန်မြို့၊ စင်ကာပူနိုင်ငံသံရုံးမှ သံမှူးကြီး ခိုချီချိန်းဦးဆောင်တဲ့ အဖွဲ့ကို မတ်လ ၂၄ ရက်နေ့က အမျိုးသားလွှတ်တော်မှာ တွေ့ဆုံခဲ့ ပါတယ်။ တွေ့ဆုံပွဲမှာ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု၊ ကဏ္ဍပေါင်းစုံမှာ ဆက်လက်ပူးပေါင်းဆောင်ရွက် သွားမယ့် ကိစ္စရပ်တွေနဲ့ အခုနှစ်ဟာ စင်ကာပူ- မြန်မာ သံတမန်ဆက်ဆံရေး နှစ် ၅၀ ပြည့်တဲ့နှစ်ဖြစ်ပြီး နှစ်နိုင်ငံအပြန်အလှန် ဗီဇာကင်းလွတ်ခွင့်ရရှိရေး ဆောင်ရွက်သွားမယ့် ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။ တွေ့ဆုံပွဲကို ကော်မတီအတွင်းရေးမှူး ဒေါ်ထုမေ၊ ကော်မတီဝင်တွေဖြစ်ကြတဲ့ ဦးမောင်မောင်လတ်၊ ဦးဂျေယောဝူ၊ ဒေါ်နန်းမိုးမိုးထွေး၊ ဦးစခင်ဇော်လင်း၊ ဗိုလ်မှူးဇဝနနဲ့ အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024