ရန်ကုန်စတော့အိတ်ချိန်း စဖွင့်သည့်နေ့တွင် ကျပ် ၁ ဘီလီယံကျော် ရောင်းရ
DVB
·
March 25, 2016
ဒီကနေ့ မတ်လ ၂၅ ရက် ရန်ကုန်စတော့အိတ်ချိန်း စဖွင့်တဲ့နေ့မှာဘဲ မနက်ပိုင်းတင် ကျပ် ၁ ဒဿမ ၃ ဘီလီယံ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။
ရှယ်ယာတခုကို ကျပ် ၃၁၀၀၀ နဲ့ အမြှင့်ဆုံးပေးခဲ့ပြီး ရှယ်ယာအရေအတွက်ပေါင်း ၄၂၀၀၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။
ဒါကြောင့် ရှယ်ယာတန်ဖိုးက မူရင်းတန်ဖိုးထက် တစ်ဆခွဲဈေးရခဲ့ပါတယ်။ ဝယ်ယူဖို့အတွက် offer လုပ်ထားတဲ့ရှယ်ယာက ၈ သောင်းကျော်ရှိနေပြီး ပေးနိုင်တဲ့ဈေးနဲ့ အရောင်း အဝယ် ဖြစ်ခဲ့တာက ၄ သောင်းကျော် ရှိပါတယ်။