ကျန်းမာရေးအတွက် သောက်သုံးသင့်တဲ့ ဆေးအုန်းဆီ

ရိုးရာယုံကြည်မှုအရ အုန်းဆီသောက်ရင် သွေးတွင်း ကိုလက်စထရော (Cholesterol) တက်တယ်၊ သွေးတိုးမယ်၊ နှလုံးသွေးကြောကျဉ်းမယ်ဆိုပြီး အစဉ်အဆက် ယုံကြည်ခဲ့ကြပါတယ်။ ဒါပေမယ့် နည်းပညာ ပြောင်းလဲတိုးတတ်လာတဲ့ ခေတ်ကြီးမှာ Cold pressed လို့ခေါ်တဲ့ တန်ဖိုးမြင့်ဆေးအုန်းဆီဟာ ဟင်းသီးဟင်းရွက်ဆီ၊ နေကြာဆီ၊ သံလွင်ဆီတို့ထက် ကျန်းမာရေးပိုညီညွတ်ပြီး သူနဲ့ဟင်းချက်စားရင် ဒါမှမဟုတ် ပုံမှန်ဖြည့်စွက်စာအဖြစ် သောက်သုံးမယ်ဆိုရင် ကိုလက်စထရော မတက်စေတဲ့အပြင် ကျန်းမာရေးအတွက် မရေတွက်နိုင်တဲ့ ကောင်းကျိုးတွေ ရှိနေတယ်ဆိုတာကို ကမ္ဘာတလွှားက လက်ခံပြီး တွင်ကျယ်စွာ သုံးစွဲနေကြပါပြီ။ ဖီလစ်ပိုင်၊ သီရိလင်္ကာ စသည့်နိုင်ငံတွေမှာဆို အုန်းဆီနဲ့ အဓိက ဟင်းချက်ကြပါတယ်။ ရိုးရာခေါင်းလိမ်းအုန်းဆီနဲ့မတူတဲ့ သူ့ရဲ့အရောင်က ရေလိုဖြူကြည်နေပြီး အအေးကြိတ်ထားတာကြောင့် အုန်းဆီနံ့မရဘဲ အနံ့ရော အရသာပါ ချိုမွှေးမွှေးလေး ဖြစ်နေပါတယ်။ အအေးကြိတ်နည်းနဲ့ တီထွင်ထုတ်လုပ်တဲ့ တန်ဖိုးမြင့် ဆေးအုန်းဆီဟာ စားအုန်းဆီတို့လိုပဲ Saturated Fat (ပြည့်ပအဆီ) ပါပြီး ဘာလို့ ကျန်းမာရေးအတွက် ကောင်းလဲဆိုတာ မေးစရာရှိပါတယ်။ ဒါက ဘာလဲဆိုတော့ Saturated Fat တွေဟာ အမျိုးအစား ကွဲပြားကြပါတယ်။ သူ့မှာပါတဲ့ Saturated Fat ဟာဆိုရင် Medium Chain Triglycerides (MCTs) ဖြစ်ပြီး ခန္ဓာကိုယ်က သူ့ကို လက်ခံပုံဟာ အခြား သာမန် Saturated Fat တွေနဲ့ လုံးဝ ကွဲပြားခြားနားပါတယ်။ ရိုးရိုးနားလည်အောင် ပြောရရင် MCTs တွေဟာ အသည်းကလိုအပ်တဲ့အဆီ (Essential Oil) ဖြစ်ပြီး အသည်းကို တိုက်ရိုက်သွားပြီး စွမ်းအင်ကို ဖြစ်စေပါတယ်။ Cold Pressed အအေးကြိတ် တန်ဖိုးမြင့်အုန်းဆီဟာ သဘာဝအားဖြင့်ကို MCTs တွေ ကြွယ်ကြွယ်၀၀ ပါဝင်တာကြောင့် အောက်ပါကျန်းမာရေး အကျိုးကျေးဇူးတွေ အများကြီးကို ဖြစ်ပေါ်စေတယ်လို့ ထင်ရှားတဲ့ ကမ္ဘာ့တက္ကသိုလ်ကြီးတွေရဲ့ Extra Virgin Coconut Oil ကို အထူးသုသေသန ပြုလုပ်ထားတဲ့ စာစောင်တွေမှာ လေ့လာတွေ့ရှိရပါတယ်။
  • အစာခြေစနစ်ကို ကောင်းမွန်စေ၍ အိပ်ပျော်စေခြင်း၊
  • ၀မ်းမှန်၍ အပူအပုပ်ကင်းစေခြင်း။
  • ခေါင်းကြည်ခြင်း၊ စိတ်ကြည်လင် လန်းဆန်းလာခြင်း၊ အာရုစူးစိုက်မှု အားကောင်းလာခြင်း၊
  • မျက်နှာလိမ်းပေးပါက ၀က်ခြံများပျေက်ကင်း၍ အသားအရည် စိုပြည်လာခြင်း၊
  • မီးယပ်သွေးဆုံးချိန်တွင် ဖြစ်ပေါ်လေ့ရှိသော ကိုက်ခဲနာကျင်ခြင်းများကို သက်သာစေခြင်း။
  • နို့တိုက်မိခင်များ နို့ထွက်အားကောင်းမွန်စေခြင်း၊ ခန္ဓာကိုယ် အလေးချိန် တက်လာခြင်းကို ထိန်းထားနိုင်ခြင်း၊
  • ကလေးများအတွက် Baby oil အဖြစ် အသုံးပြုနိုင်ခြင်း၊ ကလေးငယ်များတွင် ဖြစ်တတ်သော မက်ခရုများကို သက်သာပျေက်ကင်းစေခြင်း၊ သေးခံ အပူလောင်ခြင်းများကို ပျောက်ကင်းစေခြင်း၊
  • ကိုယ်ဝန်ဆောင်မိခင်လောင်းများတွင် ဖြစ်တတ်သော ပျို့အန်ခြင်း၊ အစာအိမ်အချဉ်ဖောက်ခြင်းကို သက်သာစေခြင်း၊ ဗိုက်သားများ ယားယံခြင်းနှင့် ဗိုက်ကြောပြတ်ခြင်းကို ပျောက်ကင်းစေခြင်း၊ ကိုယ်ဝန်ဆိပ်တက်၍ ခြေလက်ရောင်ရမ်းခြင်းကို သက်သာစေခြင်း၊
  • သွားကျန်းမာရေးအတွက် နေ့စဉ် မိနစ် ၂၀ ခန့်ငုံ၍ အာလုပ်ကျင်းပေးခြင်းဖြင့် ဆေးလိပ်ချိုး၊ ကွမ်းချိုးများကို ကွာကျစေခြင်း၊ ဘက်တီးရီးယားပိုးမွှားများ ပေါက်ဖွားခြင်းကို ဟန့်တားပေးခြင်း၊ သွားများ ပိုမိုဖြူစင်လာခြင်း၊
  • နှာခေါင်းထိပ်ကပ်နာအတွက် အသုံးပြုနိုင်ခြင်း၊
  • HIV ရောဂါ ဝေဒနာရှင်များအတွက် ခုခံအားစနစ်ကို ကောင်းမွန်လာစေခြင်း၊
  • မိန်းကလေးများအတွက် ဈေးကြီးပေးရသော Spa သို့ သွားစရာမလိုဘဲ Cold Pressed Extra Virgin Coconut Oil ကို သကြားနှင့်ရော၍ ရေမချိုးမီ နှိပ်နယ်ပေးပါက အသားအရည် စိုပြေ၍ ချောမွေ့စေခြင်း၊
  • အသားဖြူလိုသူ ပျိုမေများအတွက် Cold Pressed Extra Virgin Coconut Oil နှစ်ဇွန်းနှင့် သံပုရာရည် နှစ်စက်မျှ ရော၍ အိပ်ရာဝင်ချိန် လိမ်းပေးခြင်းအားဖြင့် အသားအရည် ဖြူစင်ဝင်းပစေခြင်း၊
  • ဆံပင်လိမ်းပါက ခြောက်သွေ့သော ဆံပင်သားများအတွက် အစိုဓာတ်ကို ရရှိစေခြင်း၊ ဗောက်ပျောက်စေခြင်း၊ ဆံသားကို နူးညံ့ပျော့ပြောင်းစေခြင်း၊
  • အရေပြားတွင်ဖြစ်တတ်သော နှင်းခူရောဂါများ လိမ်းပါက သက်သာစေခြင်း၊ ရောဂါနုပါက လုံးဝပျောက်ကင်းစေခြင်း၊
  • ထိခိုက်ရှနာ ဒဏ်ရာကို လိမ်းပါက အနာကျက်မြန်စေခြင်း၊ ပြင်ပပိုးမွှားများ ၀င်ရောက်ခြင်းမှ ကာကွယ်ပေးခြင်း၊
  • နေလောင်ခြင်းကြောင့်ဖြစ်တတ်သော အမည်းစက်များ၊ အသားရောင် မညီညာခြင်းများကို လိမ်း၍ သက်သာပျောက်ကင်းစေခြင်း၊
  • အားကစားသမားများ ခြေထောက်ကြောပြတ်ခြင်းများ၊ ပေါင်ကြောပြတ်ခြင်းများကို လိမ်းပါက သက်သာစေခြင်း၊
ဘေးထွက်ဆိုးကျိုး (Side Effects) သွေးပေါင်ချိန်ကျတတ်သူများ သတိထား၍ သောက်သုံးသင့်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ဆေးအုန်းဆီမှာ သူကိုယ်တိုင်က Blood Cholesterol Level  ကျတတ်စေခြင်းကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် သွေးပေါင်ချိန်ကျတတ်သူများအတွက် ပိုမို သွေးပေါင်ချိန်  ကျနိုင်တဲ့ ပြဿနာရှိပြီး သွေးတိုးသမားအတွက်တော့ အဆင်ပြေနိုင်ပါတယ်။ ထို့အပြင် အစာအိမ်ရောဂါရှိသူများလည်း ဂရုစိုက်၍ သောက်သုံးသင့်ပါသည်။ အစာအိမ် အချဉ်ပေါက်တတ်သူများအတွက် အစားမစားဘဲ သောက်သုံးပါက ဗိုက်အောင့်တာမျိုး ဖြစ်တတ်ပါသည်။ ဤထက်ဆိုးရွားနိုင်သော ဘေးထွက်ဆိုးကျိုးများတော့ မရှိပါ။ အစားစား၍ သောက်ပါက အန္တရာယ်မရှိနိုင်ပါ။ အညွှန်း၌ ၁၀ မီလီလီတာ သောက်ရမည်ဆိုပါက အထက်ပါရောဂါရှိသူများသည် အနည်းငယ်လျှော့သောက်ကြရန် အကြံပြုခြင်းများ တွေ့ရပါသည်။ ဝေယံ

More News
Up