ကမ္ဘာ့ဆံပင်အရှည်ဆုံး အမျိုးသမီး ဖူးစာရှင်တွေ့ (ဓာတ်ပုံ)

အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်မှာနေထိုင်တဲ့ ကမ္ဘာ့ဆံပင်အရှည်ဆုံး အမျိုးသမီးဟာ ခုချိန်မှာတော့ သူ့ရဲ့ဖူးစာရှင်ကို တွေ့ရှိခဲ့ပြီလို့ ဒေးလီးမေးလ်သတင်းမှာ ဖော်ပြပါတယ်။ အဲဒီဖူးစာရှင်ကတော့ သူ့ရဲ့ဆံပင်ရှည်တွေကို အင်တာနက်စာမျက်နှာပေါ် ပထမဆုံး တင်ပေးခဲ့သူ ဆံပင်ညှပ်ဆရာပဲ ဖြစ်တယ်လို့ ဆိုပါတယ်။ အသက် ၅၀ အရွယ် ရှိနေပြီဖြစ်တဲ့ အက်ရှာမန်ဒလာဟာ စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးတဦးဖြစ်ပြီး သူ့ရဲ့ဆံပင်တွေဟာ ၅၅ ပေလောက် အရှည်ရှိတဲ့အတွက် လန်ဒန်ဘတ်စ်ကားတစီးရဲ့ အရှည်ထက်တောင် ပိုနေပါသေးတယ်။ သူ့ရဲ့အမျိုးသားဖြစ်သူ ဆံသဆရာ အီမန်နူရယ်ချန်းဟာ ကင်ညာနိုင်ငံသားဖြစ်ပြီး သူကလည်း ကမ္ဘာ့ဆံပင်အရှည်ဆုံး အမျိုးသားတဦးဖြစ်ဖို့ ကြိုးစားနေသူပါ။ သူဟာ ဇနီးသည်ရဲ့ အလေးချိန် ၄၂ ပေါင်ရှိတဲ့ ဆံပင်ကို သီတင်းတပတ်မှာ ၂ ကြိမ် ပြုပြင်ထိန်းသိမ်းပေးနေရတာပါ။ သူတို့နှစ်ဦးဟာ လွန်ခဲ့တဲ့ ၃ နှစ်ကြာတည်းက အွန်လိုင်းပေါ်မှတဆင့် သိကျွမ်းခဲ့ကြတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ အီမန်နူရယ်က အက်ရှာရဲ့ဆံပင်ကို အင်တာနက်ပေါ်က ဆံပင်နဲ့ သက်ဆိုင်တဲ့ စာမျက်နှာတခုပေါ် တင်ပေးခဲ့တာပါ။ ရှစ်လကြာပြီးချိန်မှာတော့ အလုပ်ကိစ္စတခုနဲ့ ကင်ညာကို ရောက်လာခဲ့တဲ့ အက်ရှာနဲ့ တွေ့ဆုံပြီးနောက်မှာ ချစ်ကျွမ်းဝင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ခုချိန်မှာတော့ သူတို့နှစ်ဦးလုံးဟာ သူတို့ရဲ့ ဆံပင်တွေကို ဂုဏ်ယူဝင့်ကြွားစွာ ထိန်းသိမ်းနေထိုင်နေကြပါပြီ။ ဓာတ်ပုံ - People's Daily  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up