Thursday, June 8, 2023
HomeLead Storyထွက်ပြေး မူးယစ်ဆေးသံသယရှိကားကို ထိုင်းရဲပစ်ခတ်ဖမ်းဆီး (ရုပ်သံ)

ထွက်ပြေး မူးယစ်ဆေးသံသယရှိကားကို ထိုင်းရဲပစ်ခတ်ဖမ်းဆီး (ရုပ်သံ)


ထိုင်းနိုင်ငံ၊ ဥဒုံဌာနီခရိုင်ထဲမှာ မတ်လ ၂၃ ရက်နေ့ ညနေပိုင်းက မူးယစ်ဆေးဝါးသံ သယရှိသူ ကားတစီးနောက်ကို ရဲတွေကလိုက်ခဲ့ချိန်မှာ အဲဒီကားဟာ ရပ်မပေးခဲ့ဘဲ ထွက် ပြေးခဲ့တာကြောင့် အနီးက နံရံကို ၀င်တိုက်မိခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါ တယ်။

ရဲကားတွေက သူ့နောက်ကိုလိုက်ပြီး ပိတ်မိထားချိန်မှာ သူဟာ ကားကို ရပ်မပေး ပဲ ပြန်လှည့်မောင်းဖို့ ကြိုးစားခဲ့တာပါ။

သူက ရပ်မပေးခဲ့တဲ့အတွက် ရဲတွေက ကားဘီးတဘီးကို သေနတ်နဲ့ ပစ်ခတ်ခဲ့ရပါတယ်။  ရဲတွေက အော်ဟစ်ပြီး ရပ်တန့်ဖို့ပြောခဲ့ချိန်မှာ သူကရပ်မပေးသေးဘဲ ကားမှန်တွေကိုပါ ပစ်ခတ်ခဲ့ချိန်မှာတော့ လက်နက်ချခဲ့တာကို တွေ့ရပါတယ်။

နောက်ဆုံးဘယ်လိုမှ ရွေးချယ်စရာမရှိတဲ့အဆုံးမှာတော့ အဆိုပါသံသယရှိသူဟာ ကားထဲကထွက်လာပြီး ရဲတွေရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါ တယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular