Home
ရုပျသံ
“ရန်ကုန်-မန္တလေးအမြန်လမ်းကို မဖြစ်မနေ အဆင့်မြှင့်တင်သွားမယ်” ဦးဝင်းခိုင် (ရုပ်သံ)
DVB
·
March 24, 2016
ရန်ကုန်-မန္တလေးအမြန်လမ်းကို မဖြစ်မနေ အဆင့်မြှင့်တင်သွားမှာဖြစ်တယ်လို့ ဆောက်လုပ်ရေး ၀န်ကြီးအဖြစ် တင်ပြုခြင်းခံထားရတဲ့ ဦးဝင်းခိုင်က ပြောပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ အခြေခံ အဆောက်အဦ၊ လမ်း၊ တံတားတွေရဲ့ အရည်အသွေးပိုင်းကို အဓိကထား ပြောင်းသွားမယ်လို့ ဆိုပါတယ်။ “စိန်ခေါ်မှုတွေကို အားလုံးဝိုင်းဝန်းလုပ်ကိုင်ရမှာဖြစ်ပြီး ဆောက်လုပ်ရေးကဏ္ဍမှာဆိုရင် အဓိက ပြောင်းလဲချင်တာက အရည်အသွေးပိုင်းပါလို့” ပြောဆိုခဲ့တာပါ။ တနိုင်ငံလုံးအတိုင်းအတာနဲ့ အခြေခံအဆောက်အဦတွေကို လက်ရှိ အနေအထားထက်ပိုမို လုံခြုံစိတ်ချရအောင် ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။ ဦးဝင်းခိုင်ဟာ မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းချုပ်ဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။ ဝန်ကြီးအဖြစ် ရွေးချယ်ခံခဲ့ရသူတွေကတော့ သူတို့ရဲ့ ကျွမ်းကျင်တဲ့ နယ်ပယ်တွေက အကျိုးပြု လုပ်ငန်းတွေ လုပ်ကိုင်သွားမှာဖြစ်တယ်လို့ ပြောဆိုကြပါတယ်။ နိုင်ငံတော် သမ္မတအဖြစ် ရွေးချယ်ခဲ့ထားရသူ တင်သွင်းခဲ့တဲ့ ဝန်ကြီးစာရင်းတွေကို မတ်လ ၂၄ ရက်နေ့မှာ အပြုနိုင်ခဲ့ပြီး ဝန်ကြီးဌာန ၂၁ ခုကို ၀န်ကြီး ၁၈ ဦးနဲ့ လည်ပတ်လုပ်ကိုင်မှာဖြစ်ပါတယ်။ သတင်း - အောင်ကိုကိုလတ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024