Home
မြန်မာသတင်း
ရခိုင်အမျိုးသားပါတီနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမည်
DVB
·
March 24, 2016
12596220_246609309011861_2114032233_n
ရခိုင်အမျိုးသားပါတီ (အေအန်ပီ) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အမတ် ၂၂ ယောက်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဒီကနေ့ ညနေ ၅ နာရီမှာ နေပြည်တော်ရှိ စည်ပင်ဧည့်ရိပ်သာမှာ တွေ့ဆုံဆွေးနွေးသွားမယ်လို့ ရခိုင်အမျိုးသားပါတီမှ ဒုဥက္ကဋ္ဌ ဒေါ်အေးနုစိန်က ဒီဗွီဘီကိုပြောပါတယ်။ “ဒီနေ့ ညနေ ၅ နာရီမှာ တွေ့ဆုံမယ်လို့ သိရပါတယ်။ မနေ့ညနေကတည်းက စာဝင်လာပါတယ်။ အေအန်ပီ ပါတီက အမတ် ၂၂ ယောက်နဲ့ ဆွေးနွေးမှာပေါ့လေ။ တွေ့ကြတယ်၊ ဆုံကြတယ် ဆိုရင်တော့ ပြောခွင့်ဆိုခွင့်၊ ဆွေးနွေးခွင့်တွေကတော့ ရလာမှာပဲလေဟုပြောပါတယ်။ အခုဆွေးနွေးမှုဟာ ရလဒ်ကောင်းတခုထွက်လာမယ်လို့ မျှော်လင့်ကြောင်း၊ မည်သို့သော ကိစ္စတွေကို ဆွေးနွေးသွားမယ်ဆိုတာ လောလောဆယ် မသိနိုင်သေးကြောင်း၊ ရခိုင်အမျိုးသား ပါတီမှ လွှတ်တော်ကိုယ်စားလှယ်များ ပါတီဌာနချုပ်သို့ ဆက်သွယ်မှုရမှာသာ အကြောင်းစုံကို ပြောကြားနိုင်မှာဖြစ်တယ်လို့ ပြောပါတယ်။ သတင်းဓာတ်ပုံ - ဇော်ခ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024