Home
မြန်မာသတင်း
သမ္မတ ဦးထင်ကျော်တင်သွင်းသည့် ၀န်ကြီးများကို ကန့်ကွက်သူမရှိ အတည်ပြု
DVB
·
March 24, 2016
5679_10207157332624144_4344937737107933810_n
ရွေးကောက်ခံသမ္မတ ဦးထင်ကျော်ခေါင်းဆောင်မယ့် ပြည်ထောင်စုအစိုးရအဖွဲ့သစ်ရဲ့ ၀န်ကြီးဌာန ၀န်ကြီးတွေရဲ့ အမည်စာရင်းနဲ့ပတ်သက်ပြီး ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ ကန့်ကွက်သူမရှိ အတည်ပြုလိုက်ပါတယ်။ အစိုးရအဖွဲ့သစ်မှာ  နိုင်ငံခြားရေး၊ သမ္မတရုံး၊ ပညာရေး၊ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန ၄ ခုကို  ဒေါ်အောင်ဆန်းစုကြည်ဟာ တာဝန်ယူမယ်လို့ အန်အယ်လ်ဒီ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က အတည်ပြုပြောပါတယ်။ လွှတ်တော်မှာ တရားဝင် တင်ပြထားတဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ ၀န်ကြီး ၁၈ ဦး စာရင်းမှာ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၆ ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ၂ ဦး၊ အရပ်သားပညာရှင် ၇ ဦး၊ တပ်မတော်သား ၃ ဦး ပါဝင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြားရေး၊ ပညာရေး၊ သမ္မတရုံး၊ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး စတဲ့ ၀န်ကြီးနေရာ  ၄ နေရာကို ပူးတွဲထမ်းဆောင်မယ်လို့ အတည်မပြုနိုင်သေးတဲ့ သတင်းတွေထွက်နေပြီး သူရဦးအောင်ကိုက သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး၊ စာရေးဆရာဖေမြင့်က ပြန်ကြားရေးဝန်ကြီးနဲ့ မွန်အမျိုးသားပါတီက နိုင်သက်လွင်က တိုင်းရင်းသားရေးရာဝန်ကြီး ဖြစ်လိမ့်မယ်လို့ ခန့်မှန်းချက်တွေ ထွက်ပေါ်နေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024