တောဆင် ၉ ကောင် နေပြည်တော်ရောက်

ဓာတ်ပုံ - မြ၀တီ
နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်အတွင်း တောဆင် ၉ ကောင် ရောက်ရှိနေတယ်လို့ မြ၀တီသတင်းမှာ ဖော်ပြထားပါတယ်။ နေပြည်တော်-ကံပြား-မကွေးကားလမ်း မိုင်တိုင်အမှတ် ၁၁/ဝ ရဲ့ မြောက်ဘက် ထန်းတပင်ချောင်း အနောက်ဘက်မှာ တောဆင် ၉ ကောင် ရောက်ရှိနေတာ ဖြစ်ပါတယ်။ အဲဒီတောဆင်တွေဟာ မတ်လ ၁၉ ရက်ကတည်းက အဲ့ဒီနေရာတ၀ိုက်ကို ရောက်ရှိနေတာဖြစ်ပြီး တပ်ကုန်းမြို့နယ် ငလိုက်ကြိုးဝိုင်း အကွက်အမှတ် ၄ဝ အတွင်းမှ စတင် ထွက်ခွာလာကြတာ ဖြစ်တယ်လို့ သစ်တောအရာရှိတဦးကို ကိုးကားပြီး သတင်းမှာ ဖော်ပြထားပါတယ်။

More News
Up