လွိုင်ကော်မြို့ သီရိမင်္ဂလာတောင်တော် (တောင်ကွဲစေတီ)မှာ ၄၇ ကြိမ်မြောက် မြို့လုံးကျွတ် ဆွမ်းဆန်တော်လောင်းလှူပွဲကို ဒီနေ့ တပေါင်းလပြည့်နေ့ ညနေ ၃ နာရီအချိန်က တောင်ကွဲစေတီပရဝုဏ်အတွင်းမှာ ပြုလုပ်ခဲ့ရာ ဆွမ်းဆန်တော်လောင်းလှူပွဲသို့ လွိုင်ကော်မြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများမှ ဆရာတော်၊ သံဃာတော်များ၊ သီလရှင်များ စုစုပေါင်းအပါး ၁၇၀၀ ကျော်တို့က ဆွမ်းဆန်တော်အလှူခံကြွရောက်ခဲ့ကြပါတယ်။
ဓာတ်ပုံ – ပြည်ဟိန်းကျော် (လွိုင်ကော်)