DVB Logo
Home
မြန်မာသတင်း
အစိုး​ရသစ်သတင်း​ထုတ်ပြန်​ရေး​အဖွဲ့​ ဖွဲ့​စည်း​၊​ ပွင့်​လင်း​မြင်သာမှုရှိရန် လိုအပ်ဟုဆို
DVB
·
August 11, 2011
အစိုး​ရသစ်သတင်း​ထုတ်ပြန်​ရေး​အဖွဲ့​ ဖွဲ့​စည်း​၊​ ပွင့်​လင်း​မြင်သာမှုရှိရန် လိုအပ်ဟုဆို
1 / 2
Donate to DVB

သမ္မတ ဦး​သိန်း​စိန်အစိုး​ရအဖွဲ့​က သတင်း​ထုတ်ပြန်​ရေး​အဖွဲ့​ကို ပြန်ကြား​ရေး​ဝန်ကြီး​ ဦး​ကျော်ဆန်း​ ​ခေါင်း​ဆောင်ပြီး​ ဖွဲ့​စည်း​လိုက်ပါတယ်။

ဒီအဖွဲ့​အ​နေနဲ့​ အစိုး​ရသစ်ရဲ့​ ပြုပြင်​ပြောင်း​လဲ​ရေး​ လုပ်​ဆောင်ချက်​တွေနဲ့​ပတ်သက်ပြီး​ ပွင့်​လင်း​မြင်သာမှုရှိတဲ့​ လုပ်​ဆောင်ချက်​တွေ လုပ်​ဆောင်ဖို့​လိုတယ်လို့​ ပြည်တွင်း​ပြည်ပ မီဒီယာသမား​တွေက ​ပြောကြား​လိုက်ကြပါတယ်။

[caption id="attachment_14068" align="alignright" width="300" caption="အစိုးရ ​ပြော​ရေးဆိုခွင့်နဲ့​ သတင်းထုတ်ပြန်​ရေးအဖွဲ့ခေါင်းဆောင် ပြည်ထောင်စု ပြန်ကြားရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဦးကျော်ဆန်း"][/caption]

ပြန်ကြား​ရေး​နဲ့​ ယဉ်​ကျေး​မှုဝန်ကြီး​ ဦး​ကျော်ဆန်း​ ဦး​ဆောင်ပြီး​ အဖွဲ့​ဝင် ၁၁ ဦး​ပါတဲ့​ အစိုး​ရ ​ပြော​ရေး​ဆိုခွင့်​နဲ့​ သတင်း​ထုတ်ပြန်​ရေး​အဖွဲ့​အ​နေနဲ့​ အစိုး​ရသစ်ရဲ့​ ဒီမိုက​ရေစီစနစ် ​ဖော်​ဆောင်မှု​တွေနဲ့​ ပတ်သက်ပြီး​ ထုတ်ပြန်ရှင်း​လင်း​တဲ့​နေရာမှာ အရင်အစိုး​ရလက်ထက်​တွေကထက် ပိုမိုပြီး​ ပွင့်​လင်း​မြင်သာမှုရှိရှိ လုပ်​ဆောင်ဖို့​လိုတယ်လို့​ ပြည်တွင်း​ပြည်ပ မီဒီယာသမား​တွေက ​ပြောကြား​လိုက်ကြတာပါ။

အဲ့​ဒီထဲက မြန်မာနိုင်ငံစာ​ပေနှင့်​စာနယ်ဇင်း​အဖွဲ့​ရဲ့​ အ​ထွေ​ထွေအတွင်း​ရေး​မှူး​ ဦး​ကိုကို (စက်မှုတက္ကသိုလ်) က​တော့​ မနက်ဖြန် ပြုလုပ်မယ့်​ အစိုး​ရအဖွဲ့​သစ်ရဲ့​ ပထမဆုံး​သတင်း​စာရှင်း​လင်း​ပွဲမှာ ဒီပြန်ကြား​ရေး​အဖွဲ့​ ရှင်း​လင်း​ပြောဆိုချက်​တွေကို ​စောင့်​ကြည့်​ရမယ်လို့​ ဆိုပါတယ်။

“ကျ​နော်တို့​ စာနယ်ဇင်း​ သတင်း​သမား​တွေက​တော့​ ​မျှော်လင့်​တာက​တော့​ နိုင်ငံ​တော် သမ္မတရဲ့​ မူဝါဒ​တွေထဲမှာ ပွင့်​လင်း​မြင်သာမှု ဆိုတဲ့​ စကား​လုံး​ ပါပါတယ်။ ဒီအဖွဲ့​က အရင့်​အရင် အ​ခြေအ​နေ​တွေထက်စာရင် ပိုပြီး​တော့​ ပွင့်​လင်း​ ထင်သာမြင်သာမှုကို ပိုမို​ဆောင်ကြဉ်း​ပေး​လာနိုင်လိမ့်​မယ်လို့​ ထင်ပါတယ်။ ​နောက်တခါ ပြည်သူ​တွေ အများ​စု သိချင်တဲ့​ ​မေး​ခွန်း​တွေကို ပြည်သူ​တွေကိုယ်စား​ သတင်း​သမား​များ​က ​မေး​မြန်း​တဲ့​အခါမှာလည်း​ ပိုမိုပြီး​တော့​ တိတိကျကျ​လေး​နဲ့​ လိုချင်တဲ့​အ​ဖြေ​တွေကို​ပေါ့​လေ ​ပေး​နိုင်ပါ​စေလို့​လည်း​ ကျ​နော်တို့​က ​မျှော်လင့်​ပါတယ်။ ​နောက်တခုက ဒီအဖွဲ့​ဟာ တကယ်ပဲ ကျ​နော်တို့​ အစိုး​ရအဖွဲ့​သစ်နဲ့​ မီဒီယာ​တွေကြား​မှာ ​ပေါင်း​ကူး​သဖွယ် ​ဆောင်ရွက်နိုင်တဲ့​ဟာ​ပေါ့​လေ အဲဒါ ဖြစ်ပါ​စေ​ပေါ့​ဗျာ။ အဲဒီဟာ​လေး​တွေနဲ့​ တကယ်သာ​ဆောင်ကြဉ်း​ပေး​နိုင်မယ်ဆိုရင်​တော့​ ဒီအဖွဲ့​အ​ပေါ်မှာ ယုံကြည်မှု​တွေ ပိုရလာမှာပါ။ ​လော​လောဆယ်မှာ​တော့​ ဒီအဖွဲ့​က ဘယ်လိုပုံစံမျိုး​နဲ့​ သွား​မယ်ဆိုတာကို​တော့​ မနက်ဖြန် သတင်း​စာရှင်း​လင်း​ပွဲကျမှပဲ ကျ​နော်တို့​က ကြည့်​ရမယ်။ ဒီသတင်း​စာရှင်း​လင်း​ပွဲက အရင်သတင်း​စာရှင်း​လင်း​ပွဲ​တွေနဲ့​ ဘယ်လို ကွာဟချက်ရှိသလဲ။ တူတူပဲလား​ မတူဘူး​လား​ဆိုတာလည်း​ အဲဒီ အချိန်ကျမှပဲ ကျ​နော်တို့​က ​ပြောနိုင်ပါလိမ့်​မယ်။”

အခုဖွဲ့​စည်း​ထား​တဲ့​ အစိုး​ရသစ်ရဲ့​ ​ပြော​ရေး​ဆိုခွင့်​နဲ့​ သတင်း​ထုတ်ပြန်​ရေး​အဖွဲ့​မှာ​တော့​ ဝန်ကြီး​ ဦး​ကျော်ဆန်း​နဲ့​အတူ ပြည်ထဲ​ရေး​၊​ နိုင်ငံခြား​ရေး​ စတဲ့​ဌာန​တွေက ဒုဝန်ကြီး​တွေ၊​ ရဲချုပ်၊​ ဒုတိယ​ရှေ့​နေချုပ် စတဲ့​သူ​တွေ ပါဝင်ပြီး​၊​ အဖွဲ့​ရဲ့​အတွင်း​ရေး​မှုး​အဖြစ် သတင်း​နဲ့​စာနယ်ဇင်း​လုပ်ငန်း​က ဦး​ဆောင်ညွှန်ကြား​ရေး​မှုး​တဦး​က ​ဆောင်ရွက်မှာဖြစ်တဲ့​အ​ကြောင်း​ ဒီ​နေ့​ထုတ် သတင်း​စာ​တွေမှာ ​ဖော်ပြခဲ့​ပါတယ်။

ဒီအဖွဲ့​ခေါင်း​ဆောင်ဖြစ်တဲ့​ ဝန်ကြီး​ ဦး​ကျော်ဆန်း​ဟာ အရင် နအဖစစ်​ကောင်စီ လက်ထက်ကလဲ သတင်း​ထုတ်ပြန်​ရေး​အဖွဲ့​ကို ဦး​ဆောင်သူပဲ ဖြစ်ပါတယ်။

ပြည်ပအ​ခြေစိုက် မြန်မာ့​သတင်း​သမဂ္ဂရဲ့​ ဒုဥက္ကဋ္ဌ ဦး​ဇင်လင်း​က​တော့​ ​ပြောခွင့်​ရ အဖွဲ့​ရဲ့​ လုပ်​ဆောင်ချက်​တွေကို​တော့​ သံသယရှိ​နေပြီး​ ပထမဆုံး​လုပ်မယ့်​ သတင်း​စာရှင်း​လင်း​ပွဲကို ​စောင့်​ကြည့်​ဖို့​လိုမယ်လို့​ ဆိုပါတယ်။

“သူတို့​လုပ်မယ့်​ သတင်း​စာရှင်း​လင်း​ပွဲဟာ ဘယ်​လောက် အတိုင်း​အတာထိ လွတ်လပ်သလဲ၊​ ဘယ်​လောက်အတိုင်း​အတာအထိ တကယ့်​ စတုတ္ထမဏ္ဍိုင်ကို သူတို့​ ပွင့်​လင်း​ခွင့်​ပေး​မှာလဲ၊​ လွတ်လပ်ခွင့်​ပေး​မှာလဲ ဆိုတာကို​တော့​ ဖြစ်​ပေါ်လာမယ့်​ အ​ခြေအ​နေ​တွေအ​ပေါ်မှာ မူတည်ပြီး​မှ ကျ​နော်တို့​ ​ပြောရမှာပဲ။ ဒါ​ပေမယ့်​ ဒီ အခင်း​အကျင်း​ အရက​တော့​ ကျ​နော်တို့​ သတင်း​နဲ့​ ပြန်ကြား​ရေး​အဖွဲ့​ ဖွဲ့​တဲ့​အ​နေအထား​ကို ကြည့်​ရခြင်း​အား​ဖြင့်​ တခြား​လူ​တွေ ​ပြောတာဆိုတာဟာ တရား​မဝင်ဘူး​ ဆိုတဲ့​ သ​ဘော​တော့​ သက်​ရောက်တယ်။ တာဝန်မရှိဘဲ ​ပြောတယ်ဆိုတဲ့​လူ​တွေ​တောင်မှ တချိန်မှာ သူတို့​ ပြဿနာဖြစ်နိုင်တယ် ဆိုတာမျိုး​တွေ ဖြစ်လာနိုင်တယ်​ပေါ့​လေ။ ဒါ​ကြောင့်​မို့​လို့​ ကျ​နော်တို့​ မြင်တာက​တော့​ အ​ပေါ်ယံကြည့်​ရင်​တော့​ ဒီလိုအဖွဲ့​မျိုး​ ​ပေါ်လာတဲ့​အတွက် သတင်း​သမား​တွေမှာ ​မေး​စရာ ပြုစရာ လူပုဂ္ဂိုလ်နဲ့​ အဖွဲ့​အစည်း​ စသည်ဖြင့်​ ဒါ​တော့​ ​ပေါ်​ပေါက်လာတဲ့​အတွက်​ကြောင့်​မို့​လို့​ အကြမ်း​အား​ဖြင့်​ ကြည့်​ရင် ​ကောင်း​သလိုလို​တော့​ ထင်ရတာ​ပေါ့​။ သို့​သော်လည်း​ပဲ ​သေ​သေချာချာ သုံး​သပ်ကြည့်​တဲ့​အခါကျ​တော့​ ဒါကလည်း​ အကန့်​အသတ်ကြီး​တခုလို ဖြစ်​နေတယ်။ ဆို​တော့​ အဲဒီလို​တော့​ ကျ​နော်တို့​က​တော့​ မဖြစ်သင့်​ဘူး​ ထင်တာပဲ။”

အစိုး​ရအဖွဲ့​သစ်ရဲ့​ သတင်း​ထုတ်ပြန်​ရေး​ ​ကော်မတီက​နေ လာမယ့်​ ၁၂ ရက်​နေ့​မှာ ပထမဆုံး​သတင်း​စာရှင်း​လင်း​ပွဲကို​နေပြည်​တော်မှာ ပြုလုပ်ဖို့​ရှိ​နေသလို လာမယ့်​ ၂၂ ရက် ဒုတိယအကြိမ်လွှတ်​တော်ပုံမှန်အစည်း​အ​ဝေး​တွေမှာလည်း​ သတင်း​မီဒီယာ ​တွေကို တက်​ရောက်ဖို့​ဖိတ်​ခေါ်ထား​ပြီး​ သတင်း​မီဒီယာတခုကို ​မေး​ခွန်း​ ၃ ခု ကြိုတင်​ပေး​ပို့​ကြဖို့​ကိုလည်း​ တိုက်တွန်း​ထား​ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013