Home
မြန်မာသတင်း
ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီးများအဖြစ် နာမည်ထွက်ပေါ်နေသည့် ဒု-ဗိုလ်ချုပ်ကြီးများ၏ ကိုယ်ရေးအကျဉ်း
DVB
·
March 22, 2016
ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၏ ကိုယ်ရေးအကျဉ်း ကာကွယ်ရေး OTS-54 ကဆင်းတဲ့ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း(BC-၁၄၆၈၂)ကတော့ စကခ (၁၇)၊ သိပ္ပံနဲ့နည်း ပညာဌာနတွေမှာတာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ပြီး အဲဒီကမှ လေကြောင်းရန် ကာကွယ်ရေးအရာ ရှိချုပ်ဖြစ်လာသူပါ။ ဒုဗိုလ်ချုပ်ကြီးဝေလွင်ရာထူးက အနားယူချိန်မှာ ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူလည်း ဖြစ်ပါတယ်။ ငယ်ရွယ်စဉ်က သိပ္ပံချွန်ကတက်လာခဲ့သူဖြစ်ပြီး သိပ္ပံနဲ့နည်း ပညာပိုင်းကို အထူးစိတ်ဝင်စားသူလို့သိရတယ်။ အနေအေးပြီး ပရော်ဖက်ရှင်နယ်ဆန်တဲ့စစ်သား ဖြစ်တယ်လို့ တပ်ထဲက လူတွေကပြောကြတယ်။ သူ့လက်ထပ်မှာ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ဖွဲ့စည်းပုံဟာ ပိုမိုပရော်ဖက်ရှင်နယ်ဆန်လာနိုင်မလားဆိုတာ စောင့်ကြည့်ရမယ်။ ဇနီးဖြစ်သူက ဒေါ်မြင့်မြင့်အေးလို့သိရတယ်။ ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၏ ကိုယ်ရေးအကျဉ်း ပြည်ထဲရေးဝန်ကြီး လျာထားခံသူအဖြစ် နာမည်ထွက်နေတဲ့ ဒုဗိုလ်ချုပ်ကြီး ကျော်ဆွေ (BC-၁၆၄၉၃)က စစ်တက္ကသိုလ်အပတ်စဉ်(၂၂)က။ တပ်မ(၂၂)ရဲ့ တပ်မှူး၊ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး၊ အဲဒီကမှ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ အမှတ်(၅) ကစထမှူး၊ စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဖြစ်ခဲ့တယ်။ နောက်နယ်စပ်ရေးရာဝန်ကြီးအဖြစ် ခန့်အပ်ခံရပါတယ်။ နာဂစ်ဖြစ်တဲ့ အချိန်တုန်းက အနောက်တောင်တိုင်းမှာ တာဝန်ထမ်းဆောင်ခဲ့ရပြီး ဇနီးနာမည်ကတော့ ဒေါ်ဝင်းဝင်းမော်ပါ။ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၏ ကိုယ်ရေးအကျဉ်း နယ်စပ်ရေးရာဝန်ကြီး လျာထားခံသူအဖြစ် နာမည်ထွက်နေတဲ့ ဒုဗိုလ်ချုပ်ကြီးရဲအောင် (BC-၁၆၇၂၉) ကတော့ စစ်တက္ကသိုလ်အပတ်စဉ် ၂၃ ကျောင်းဆင်းဖြစ်ပြီး ဒကစ(တနိုင်း)၊ ဗထူးတိုက်ခိုက်ရေးသင်တန်းကျောင်းတို့ကနေ အလယ်ပိုင်းတိုင်းတိုင်းမှူးဖြစ် လာခဲ့သူပါ။ အဲဒီကနေ စစ်ဥပဒေချုပ်ဖြစ်လာပြီးအရင်က ဗိုလ်ချုပ်ကြီးရွှေမန်းနဲ့နီးစပ်ခဲ့သူလို့ဆို ကြပါတယ်။ ဒါပေမယ့် ခုချိန်မှာတော့ ကာကွယ်ရေးဦးစီးချုပ်အားကိုးရသူလို့ သိရပြီး ဇနီးဖြစ်သူကတော့ ဒေါ်ခိုင်မေကြူလို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024