DVB Logo
Home
မြန်မာသတင်း
ဒေါ်​အောင်ဆန်း​စုကြည်၏ ငြိမ်း​ချမ်း​ရေး​အိတ်ဖွင့်​ပေး​စာ ဝါရင့်​နိုင်ငံ​ရေး​သမား​များ​ထောက်ခံ
DVB
·
August 11, 2011
Donate to DVB

ဒေါ်​အောင်ဆန်း​စုကြည်က တိုင်း​ရင်း​သား​လက်နက်ကိုင်အဖွဲ့​တွေနဲ့​ သမ္မတ ဦး​သိန်း​စိန်ထံ ပြည်တွင်း​ငြိမ်း​ချမ်း​ရေး​လုပ်ဖို့​ အိတ်ဖွင့်​ပေး​စာ​ပေး​ပို့​တဲ့​အ​ပေါ် ဝါရင့်​နိုင်ငံ​ရေး​လုပ်​ဖော်ကိုင်ဖက်များ​က ကြိုဆိုလိုက်ပါတယ်။

သခင်သိန်း​ဖေ၊​ သခင်ချန်ထွန်း​၊​ သခင်သိန်း​မောင်၊​ ဦး​ထွေး​မြင့်​၊​ ဦး​အုန်း​မောင်၊​ နိုင်​ငွေသိမ်း​၊​ ဦး​အုန်း​ကျော်၊​ ဦး​ခင်​မောင်ကြည်တို့​ လက်မှတ်​ရေး​ထိုး​ပြီး​ ထုတ်ပြန်တဲ့​ စာဟာ နိုင်ငံ​တော်သမ္မတဦး​သိန်း​စိန်၊​ ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ တိုင်း​ရင်း​သား​ခေါင်း​ဆောင်​တွေ၊​ တိုင်း​ရင်း​သား​လက်နက်ကိုင်အဖွဲ့​တွေထံ လိပ်မူတပ်ထား​ပါတယ်။

ဒီစာမှာ ပြည်တွင်း​စစ်​ကြောင့်​ တိုင်း​ပြည်ချွတ်ခြုံကျ​နေပြီး​ ကမ္ဘာ့​အလယ်မှာ နိုင်ငံသား​တွေ မျက်နှာငယ်ရတာ ဆယ်စုနှစ်​ပေါင်း​များ​ပြီဆိုတာကို ​ထောက်ပြထား​ပြီး​ ပြည်တွင်း​ငြိမ်း​ချမ်း​ရေး​အတွက် တပြည်လုံး​အပစ်အခတ်ရပ်စဲဖို့​ ​တောင်း​ဆိုထား​ပါတယ်။

ဇူလိုင်လ​နှောင်း​ပိုင်း​က ပြည်​ထောင်စုအလုပ်သမား​ဝန်ကြီး​ ဦး​အောင်ကြည်နဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်တို့​ ​တွေ့​ဆုံအပြီး​ ပြည်သူလူထုကိုယ်စိတ်နှစ်ပါး​ချမ်း​သာ​စေ​ရေး​ ပူး​ပေါင်း​ဆောင်ရွက်မယ့်​ နည်း​လမ်း​တွေကို ​ဆွေး​နွေး​ခဲ့​တယ်ဆိုတာကို ကြား​ရတဲ့​အတွက် ဝမ်း​မြောက်ဝမ်း​သာ ကြိုဆိုပါ​ကြောင်း​လည်း​ ​ကြေညာချက်က ဆိုပါတယ်။

ငြိမ်း​ချမ်း​ရေး​ ညီညွတ်​ရေး​နဲ့​ အမျိုး​သား​ပြန်လည်သင့်​မြတ်ရင်ကြား​စေ့​ရေး​အတွက် နိုင်ငံ​ရေး​အကျဉ်း​သား​တွေကို လွှတ်​ပေး​ခြင်း​အား​ဖြင့်​ စိတ်​ကောင်း​စေတနာမှန်ကို ပြသပါလို့​ အစိုး​ရကို တိုက်တွန်း​ထား​ပါတယ်။

တိုင်း​ရင်း​သား​လက်နက်ကိုင်အဖွဲ့​တွေနဲ့​ အစိုး​အကြား​ တိုက်ပွဲ​တွေရပ်​ရေး​၊​ ငြိမ်း​ချမ်း​ရေး​ ​ဆွေး​နွေး​ပွဲ​တွေ လုပ်​ရေး​ကို ​ဒေါ်​အောင်ဆန်း​စုကြည်က သူလည်း​ ပါဝင်​ဆောင်ရွက်မယ်ဆိုတာကို တိုင်း​ရင်း​သား​တွေဘက်က ကြိုဆို​ထောက်ခံချက်ရရှိထား​သလို ပြည်တွင်း​ပြည်ပ နိုင်ငံ​ရေး​အင်အား​စုအား​လုံး​လိုလိုက ​ထောက်ခံထား​ပါတယ်။

ဒါ​ပေမယ့်​ ပြည်တွင်း​ငြိမ်း​ချမ်း​ရေး​ကိစ္စမှာ အခရာကျတဲ့​ လက်ရှိအာဏာရအစိုး​ရနဲ့​ တပ်မ​တော်က သ​ဘောထား​ တစုံတရာထုတ်​ပြောဆိုခြင်း​မရှိ​သေး​ဘဲ ဖြစ်​နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013