DVB Logo
Home
မြန်မာသတင်း
ဒေါ်​အောင်ဆန်း​စုကြည်နှင့်​ ဦး​အောင်ကြည် မနက်ဖြန်​တွေ့​ရန်ရှိ
DVB
·
August 11, 2011
ဒေါ်​အောင်ဆန်း​စုကြည်နှင့်​ ဦး​အောင်ကြည် မနက်ဖြန်​တွေ့​ရန်ရှိ
Donate to DVB

အမျိုး​သား ​ဒီမိုက​ရေစီအဖွဲ့​ချုပ် အ​ထွေ​ထွေအတွင်း​ရေး​မှူး​ ​ဒေါ်​အောင်ဆန်း​စုကြည်ဟာ ပြည်​ထောင်စု အလုပ်သမား​ဝန်ကြီး​ ဦး​အောင်ကြည်နဲ့​ မနက်ဖြန်မှာ ​တွေ့​ဆုံကြလိမ့်​မယ်လို့​အဖွဲ့​ချုပ် ဗဟိုပြန်ကြား​ရေး​အဖွဲ့​ဝင် ဦး​ဥာဏ်ဝင်း​က ​ပြောပါတယ်။

[caption id="attachment_14057" align="alignleft" width="310" caption="ပြီးခဲ့သည့် ဇူလိုင် ၂၅ ရက်​နေ့က ​ဒေါ်​အောင်ဆန်းစုကြည်နှင့်​ဦးအောင်ကြည် ​တွေ့ဆုံစဉ်"][/caption]

သူတို့​နှစ်ဦး​ဟာ ဇူလိုင် ၂၅ ရက်​နေ့​က တကြိမ်​ တွေ့​ဆုံခဲ့​ကြပါတယ်။ အဲဒီနေ့က ​တွေ့​ဆုံပြီး​ ဦးအောင်ကြည်က သတင်း​ထောက်တွေကို ​ပြောဆိုရာမှာ “ပြည်သူလူထု ကိုယ်စိတ်နှစ်ပါး​ ချမ်းသာ​စေ​ရေး​ ပူး​ပေါင်း​ဆောင်ရွက်မယ့် ​နည်း​လမ်း​တွေကို ​ဆွေး​နွေး​ခဲ့​တယ်” ဆိုတဲ့​ အ​ကြောင်း​နဲ့​ နှစ်ဖက် အခါအခွင့်​သင့်​သလို ဆက်လက်​ တွေ့​ဆုံမယ်လို့​ ​ပြောဆိုခဲ့​ပါ​သေး​တယ်။

ဒေါ်​အောင်ဆန်း​စုကြည်ဟာ ဒီ​တွေ့ဆုံပွဲအပြီး​မှာ အစိုး​ရနဲ့​ တိုင်း​ရင်း​သား​လက်နက်ကိုင်​တွေ အပစ်ရပ်ဖို့​ ငြိမ်း​ချမ်း​ရေး​အိတ်ဖွင့်​ပေး​စာကို ထုတ်ပြန်ခဲ့​ပြီး​ လာမယ့်​ ၁၄ ရက်ကျရင်လည်း​ ပဲခူး​တိုင်း​ကို နိုင်ငံ​ရေး​ခရီး​ထွက်မယ်လို့​ ​ပြောထား​ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013