DVB Logo
Home
မြန်မာသတင်း
ကချင်ပြည်နယ်နေရာတချို့ ပေါ်တာဆွဲပြီး ညမထွက်ရ အမိန့်ထုတ်
DVB
·
August 11, 2011
ကချင်ပြည်နယ်နေရာတချို့ ပေါ်တာဆွဲပြီး ညမထွက်ရ အမိန့်ထုတ်
Donate to DVB

ကချင်ပြည်နယ်အတွင်းက မြို့နယ်တချို့တို့မှာ ညမထွက်ရ အမိန့်ထုတ်ထားပြီး သာမန် အရပ်သားပြည်သူတွေကို ပေါ်တာအဖြစ် လိုက်လံ ဖမ်းဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

[caption id="attachment_14054" align="alignleft" width="310" caption="ထောင်သားပေါ်တာများနှင့် မြန်မာ့တပ်မတော်စစ်ကြောင်း ကရင်ပြည်နယ်မြောက်ပိုင်းရှိ ရွာတရွာကို ဝင်ရောက်ဖြတ်သန်းနေပုံ (ဓာတ်ပုံ - ရိုက်တာ)"][/caption]

မိုးညှင်း၊ မိုးကောင်း၊ ဟိုပင်နဲ့ ဖားကန့် မြို့နယ်တွေမှာတော့ နယ်မြေခံ တပ်ရင်းတပ်ဖွဲ့ပေါ် မူတည်ပြီး တချို့မြို့နယ်တွေမှာ ည ၇ နာရီမှ စတင်ပြီး တချို့မြို့နယ်တွေမှာတော့ ည ၉ နာရီ ကတည်းက ညမထွက်ရ အမိန့်ထုတ်ပြန်ထားတယ်လို့ ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ဒေသခံ တဦးက ပြောပါတယ်။

“ညမထွက်ရအမိန့် ထုတ်ထားတာက မိုးကောင်းမြို့နယ် တနယ်လုံးဗျ။ မိုးညှင်းမြို့နယ်လည်း ဒီလိုပဲ။ ဟိုပင်လည်း ပါတယ်။ ည ကိုးနာရီလည်း မထွက်ရ။ လုံခြုံရေးကတော့ အပြည့်ပဲ။ မြန်မာစစ်သားတွေ ခလရ ၃၈၉၊ ခလရ ၄၀ စောင့်တယ်။  ကားလမ်းမှာကျတော့ ခလရ ၅၁၊ ၃၈၈၊ ၃၈၉ စောင့်တာ။ တချို့ကျတော့ ၁၀ နာရီ ဖြတ်လို့ရတယ်။ ပင်းဘောတိုက်နယ်မှာ ဖြတ်လို့ မရဘူး။ ည ၇ နာရီ ကတည်းက ဖြတ်လို့မရဘူး။ ၃၈၃ တပ်ရင်းက ည ၇ နာရီခွဲကတည်းက ဖြတ်လို့ မရဘူး။ မှော်ထဲ ပြန်တဲ့ ကားတွေ ဖြတ်လို့မရတော့ နီးစပ်ရာမှာပဲ အိပ်လိုက်ရတယ်။”

ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာလည်း စစ်တပ်ကနေ စစ်ဆင်ရေးအတွက် အထမ်းသမားပေါ်တာတွေ ဖမ်းနေလို့ အဲဒီဒေသမှာ အလုပ် လုပ်ကိုင်နေတဲ့ ကျောက်စိမ်းတွင်းတူး လုပ်သားတွေကလည်း ကြောက်ရွံ့နေကြတယ်လို့  ဖားကန့်မြို့နယ်က ဒေသခံတဦးက ဆိုပါတယ်။

ဇွန်လ ၉ ရက်နေ့ကတည်းက မြန်မာစစ်တပ်နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ) တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာ အခုဆို နှစ်လ ကျော်သွားခဲ့ပါပြီ။

တရုတ်-မြန်မာနယ်စပ်က လာတဲ့ သတင်းတွေအရ မြန်မာစစ်တပ်ဖက်က အနည်းဆုံး ၃၀၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပြီး သီး​ခြား​ အတည်ပြုချက်တော့ မရရှိသေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013