DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်နယ်တွင်းမှ စစ်ပြေးဒုက္ခသည် သုံးသောင်းကျော် အကူအညီများလိုအပ်
DVB
·
August 11, 2011
ရှမ်းပြည်နယ်တွင်းမှ စစ်ပြေးဒုက္ခသည် သုံးသောင်းကျော် အကူအညီများလိုအပ်
Donate to DVB

ရှမ်းပြည်တပ်မတော်နဲ့ အစိုးရတပ်ကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့်  ဘေးလွတ်ရာကို ထွက်ပြေးနေရတဲ့ ဒေသခံရွာသား ၃ သောင်းကျော်ဟာ အရေးပေါ်​ အကူအညီ လိုအပ်နေပါတယ်။

[caption id="attachment_14047" align="alignright" width="310" caption="ရှမ်း​​ စစ်ပြေးဒုက္ခသည်များ​"][/caption]

သူတို့ဟာ နေရေးထိုင်ရေး၊ ကျန်းမာရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ထိုင်းနိုင်ငံအခြေစိုက် လူထုအခြေပြု ရှမ်းအဖွဲ့ နှစ်ခုက ဩဂုတ်လ ၁၀ ရက်နေ့မှာ ကြေညာချက်တစောင် ထုတ်ပြန်လိုက်ပါတယ်။

 

ကျေးသီးမြို့နယ် ၀မ့်ဟိုင်း အခြေစိုက် ရှမ်းပြည်တပ်မတော်​ မြောက်ပိုင်း​ အဖွဲ့ကို အစိုးရ တပ်မတော်က နှစ် ၂၀  ကျော် ငြိမ်းချမ်းရေး သဘောတူချက်ကို ဖျောက်ဖျက်ပြီး  ဒီနှစ် မတ်လ ၁၃ ရက်နေ့က စပြီးတော့ ထိုးစစ်ဆင်ခဲ့ပါတယ်။

တိုက်ပွဲကာလတွေမှာ အစိုးရတပ်က ဒေသခံရွာသားတွေအပေါ်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတာ၊ သတ်ဖြတ်တာတွေနဲ့ မုဒိမ်းကျင့်တာတွေ ရှိခဲ့ပါတယ်။ ဒါကြောင့် ရွာသားတွေဟာ တပ်မတော်နဲ့ ဝေးတဲ့ နေရာတွေကို ထွက်ပြေး တိမ်းရှောင်နေခဲ့ရတယ်။

မတ်လကနေ ကနေ့အထိ မြို့နယ် ၉ ခုထဲက အိုးပစ်အိမ်ပစ် ထွက်ပြေးနေရတဲ့ ရွာသားတွေဟာ ၃၁,၇၀၀ ဦးရှိပြီး အနည်းစုက နီးစပ်ရာ မြို့ပေါ်နဲ့ ၀ ထိန်းချုပ်ရာ နယ်မြေတွေကို ထွက်ပြေးကြတယ်။ အများစုကတော့ တောထဲတောင်ထဲမှာ ၀င်ရောက် ပုန်းခိုကြပါတယ်။

ဒီရွှေ့ပြောင်း ပုန်းအောင်း နေထိုင်သူတွေဟာ ကျန်းမာရေး၊ စားရေးသောက်ရေး အခက်အခဲ ကြုံနေရတာကြောင့် အကူအညီ အပူတပြင်း လိုအပ်နေတယ်လို့ ရှမ်းအမျိုးသမီး ဆက်သွယ်ဖလှယ် ဆောင်ရွက်ရေးအသင်းက ပြောခွင့်ရှိသူ နန်းမွေနွံဟွမ်က ပြောပါတယ်။

“အဲဒီ ၃ သောင်းကျော် စစ်ပြေးဒုက္ခသည်တွေက အခု တောထဲမှာ ပုန်းအောင်း ခိုလှုံနေကြရတယ်။ မိုးတွင်းဆိုတော့ သူတို့အတွက် အစားအစာတွေ ပြီးတော့ ရေတွေဆိုလည်း သန့်ရှင်းမှု မရှိဘူး။ ဆေးဝါးတွေလည်း မရှိဘူး။ အဲဒီအခက်အခဲတွေ သူတို့ ကြုံနေရတာပေါ့နော်။ သူတို့ရဲ့ ကျန်းမာရေးကတော့ တော်တော်လေးကို ဆိုးရွားနေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က တောထဲမှာပဲ ခိုလှုံနေကြရတယ်။ အစားအသောက်တွေကလည်း သန့်ရှင်းမှုလည်း မရှိဘူး၊ ပုံမှန်လည်း မစားရဘူးဆိုတော့ သေတဲ့လူတွေရော ရှိတယ်။ အများအားဖြင့်က ဝမ်းပျက်ဝမ်းလျှော ရောဂါတွေနဲ့ ငှက်ဖျားရောဂါတွေနဲ့ သေကြတယ်။ နိုင်ငံတကာနဲ့ အိမ်နီးနားချင်း နိုင်ငံများမှ ရှမ်းပြည်နယ်မှာ ဖြစ်ပျက်နေတဲ့ မတရား လူ့အခွင့်အရေး ချိုးဖောက်မှုကို ထုတ်ဖော်ပြောကြားပြီးတော့မှ မြန်မာစစ်အစိုးရကို ဖိအားပေးဖို့ တောင်းဆိုချင်ပါတယ်။”

ကြေညာချက်ထုတ်ပြန်ခဲ့တဲ့ အဖွဲ့ ၂ ဖွဲ့ကတော့ ချင်းမိုင်အခြေစိုက် ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် အဖွဲ့နဲ့ ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်ဖလှယ်ရေး အသင်းတို့ပဲ ဖြစ်ကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013