Thursday, June 8, 2023
HomeLead Storyအမျိုးသားခြေအိတ်နှင့် အတွင်းခံများကိုသာ ဖောက်ထွင်းခိုးယူသည့် ကြောင်မလေး

အမျိုးသားခြေအိတ်နှင့် အတွင်းခံများကိုသာ ဖောက်ထွင်းခိုးယူသည့် ကြောင်မလေး

ဘရစ်ဂျစ်အမည်ရတဲ့ နယူးဇီလန်နိုင်ငံက ကြောင်မလေးဟာ ထူးဆန်းတဲ့ အပြုအမူရှိတဲ့ ကြောင်တကောင်ပါ။

ဘာလို့လဲဆိုတော့ သူဟာ အချိန် ၂ လတာအတွင်းမှာ အမျိုးသားခြေအိတ်နဲ့ အတွင်းခံ ၆၀ ကျော်လောက်ကို ဖောက်ထွင်းခိုးယူခဲ့လို့ပါပဲ။

ဘရစ်ဂျစ်ဟာ အသက် ၆ နှစ်အရွယ်ရှိနေပြီး ပိုင်ရှင်ဖြစ်သူ ဆာရာနေသန်နဲ့အတူ နယူးဇီလန်နိုင်ငံ၊ ဟယ်မီလ်တန်အရှေ့ရပ်ကွက်မှာ နေထိုင်နေတာပါ။

ဘရစ်ဂျစ်ဖောက်ထွင်းခိုးယူခဲ့တဲ့ ပစ္စည်းတွေကို စုဆောင်းထားခဲ့ပြီး ခုချိန်မှာတော့ အတွင်းခံ ၁၁ စုံနဲ့ ခြေအိတ် အစုံ ၅၀ ရှိခဲ့ပြီလို့ ဆာရာက ပြောပါတယ်။

ခုချိန်မှာတော့ ဆာရာဟာ အိမ်နီးချင်းတွေကို တောင်းပန်ကြောင်းနဲ့ ဘရစ်ဂျစ် ဖောက်ထွင်းခိုးယူခဲ့တဲ့ပစ္စည်းပိုင်ရှင်တွေကို သူ့ဆီမှာ ပြန်လည်ထုတ်ယူနိုင်ကြောင်း စာရွက်နဲ့တကွ ဖြန့်ဝေနေရတယ်လို့ စကိုင်းနယူးစ်မှာ ဖော်ပြပါတယ်။

“အားလုံးဟာ အမျိုးသားသုံးတွေချည်းပါပဲ။ ဒါဟာ အလွန့်အလွန်ကို ထူးဆန်းပါ တယ်။ သူ(ဘရစ်ဂျစ်)ဟာ တကယ့်ကို ဒီလိုလုပ်ရတာ သဘောတွေ့နေပုံပါပဲ။ အရင် အိမ်ဟောင်းတုန်း ကတော့ သူဟာ အမျိုးသမီးအတွင်းခံတွေရော။ အမျိုးသားဝတ်တွေပါ၊ တခါတလေ စွပ်ကျယ်အင်္ကျီတွေထိတောင် ယူလာဖူးတယ်။ ခုတော့ သူဟာ အမျိုးသား ၀တ်အတွင်းခံတွေကိုပဲ ယူတော့မယ်လို့ ဆုံးဖြတ်လိုက်ပုံပေါ်တယ်ရှင့်။”

ကံကောင်းထောက်မစွာပဲ ကြောင်မလေး ဘရစ်ဂျစ်ယူဆောင်လာသမျှ အတွင်းခံ တွေအားလုံးဟာ သန့်ရှင်းတဲ့ အရာတွေဖြစ်တယ်လို့ ဆာရာက ပြောပါတယ်။

“ခိုးယူခံရတဲ့သူတွေအနေနဲ့ သူတို့လှမ်းထားတဲ့ အရာတွေ(ခြေအိတ်နဲ့ အတွင်းခံ တွေ)မတွေ့တော့ရင် တော်တော် စိတ်တိုမိမှာပဲ။”

ဓာတ်ပုံ – news.sky.com

 

RELATED ARTICLES
- Advertisment -
Google search engine

Most Popular