Tuesday, May 30, 2023
HomeLead Storyဘန်ကောက်တွင် မိုးပျံရထား လျှပ်စစ်မီးပြတ်၍ ခရီးသည်များ မူးမေ့

ဘန်ကောက်တွင် မိုးပျံရထား လျှပ်စစ်မီးပြတ်၍ ခရီးသည်များ မူးမေ့

ထိုင်းနိုင်ငံ ဘန်ကောက် ရမ်းခမ်းဟိုင် နယ်မြေထဲမှာ မတ်လ ၂၁ ရက် မနက် ၇ နာရီ ၄၀ မိနစ် ၀န်းကျင်က လျှပ်စစ်မီးပြတ်တောက်မှုကြောင့် မိုးပျံရထားပေါ်ကလူတွေ တံခါးဖွင့်မရဘဲ အ သက်ရှူကြပ်ကာ မူးမေ့သူတွေ ရှိခဲ့ပါတယ်။

ဓာတ်ပုံ - dailynews
ဓာတ်ပုံ – dailynews

Airport Rail Link လို့ခေါ်တဲ့ အဆိုပါ မိုးပျံရထားဟာ သုဝဏ္ဏဘူမိမှ ဖယားထိုင်းကို ဦးတည်ခုတ်မောင်း နေတာဖြစ်ပြီး ဟိုမက်နဲ့  ရမ်ခမ်းဟိုင်ဘူတာ ၂ ခုကြားမှာ လျှပ်စစ်မီး ပြတ်တောက်မှုနဲ့ ကြုံခဲ့ရတာလို့  ထိုင်သတင်းတွေမှာ ဖော်ပြပါတယ်။

မီးပြတ်ချိန် မိနစ် ၂၀ ခန့်ကြာမြင့်ပြီး တံခါးဖွင့်လို့မရသေးခင် ခရီးသည်များစွာ အသက်ရှူကြပ်မှု ခံစားရကာ လူ ၇ ဦးမေ့လဲသွားပြီး ဆေးရုံ ၅ ခုဆီ ခွဲပြီးပို့ဆောင်ပေးခဲ့ရတယ်လို့ ကယ်ဆယ်ရေး အသင်းဝင်တဦးရဲ့အပြောကို ကိုးကားပြီး ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။

လျှပ်စစ်မီးပြတ်တောက်မှုကောင့် မိုးပျံရထားတွဲ ၉ တွဲအနက် ၆ တွဲသာ ပြေးဆွဲခဲ့ရပြီး ခရီးစဉ် ၁၂ မိနစ်စာ ကြန့်ကြာနှောင့်နှေးခဲ့ရတယ်လို့  ရထားဆိုင်ရာ တာဝန်ရှိသူက ပြောပါတယ်။

မနက် ၁၀ နာရီ  ၁၅ မိနစ်အချိန်မှာ ရထားကို ပုံမှန်ပြန်လည်ပြေးဆွဲနိုင်ခဲ့ပေမယ့်လည်း မနက်က ဖြစ်သွားတဲ့ကိစ္စမှာ တာဝန်ရှိသူတွေက ကြိုတင်အသိမပေးတာ၊ ခရီးသည်တွေကိုယ်တိုင် အရေးပေါ်တံခါးဖွင့်ခွင့်မပြုခဲ့တာတွေကြောင့် လူမှုကွန်ရက်တွေမှာပါ ပြစ်တင်ဝေဖန်လျှက်ရှိ ပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular