Tuesday, May 30, 2023
HomeLead Storyမီးအာမခံပြုလုပ်ထားသူများကို မြန်မာ့အာမခံလုပ်ငန်းက လျော်ကြေးငွေ ပေးအပ်

မီးအာမခံပြုလုပ်ထားသူများကို မြန်မာ့အာမခံလုပ်ငန်းက လျော်ကြေးငွေ ပေးအပ်

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နဲ့ ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့တို့က မီးအာမခံထားတဲ့ သူတွေအတွက် မြန်မာ့အာမခံလုပ်ငန်းက လျော်ကြေးငွေ သိန်း ၂၀၀၀ ကျော်ကို ဒီနေ့ ရန်ကုန်မြို့က မြန်မာ့အာမခံလုပ်ငန်းရုံးမှာ ပေးခဲ့ပါတယ်။

ဖေဖော်ဝါရီ ၄ ရက်နေ့ ညပိုင်းက လပွတ္တာမြို့မှာ မီးလောင်သွားတဲ့ နေအိမ် ၂၁ လုံးအတွက် သိန်းပေါင်း ၁၈၀၀ ကျော် ပေးအပ်ခဲ့ပြီး နေအိမ် ၂၁ လုံးထဲက ဘဏ်ချေးငွေနဲ့ အာမခံထားရှိတဲ့ အဆောက်အဦ ၆ လုံးအတွက် ငွေကျပ် သိန်းပေါင်း ၅၈၀ ကျော်ကို ပေးအပ်ခဲ့ပါတယ်။ ပုဂ္ဂလိကအာမခံထားတဲ့ အဆောက်အဦ ၁၄ လုံးအတွက် သိန်းပေါင်း ၁၂၀၀ ကျော်ကို မီးအာမခံလျော်ကြေးတွေ ပေးအပ်ခဲ့ပါတယ်။ မြို့နယ်သမ၀ါယမ အဆောက်အအုံ ၁ လုံးအတွက် လျော်ကြေးငွေ ၂၁ သိန်းကျော် ပေးအပ်ခဲ့ပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီ ၄ ရက်နေ့က နမ့်ဆန်မြို့မှာ မီးလောင်ကျွမ်းခဲ့တာကြောင့် မီးအာမခံထားတဲ့ အဆောက်အဦ ၄ လုံးအတွက် သိန်း ၂၂၀ ကျော် ပေးအပ်ခဲ့ပါတယ်။ ဒီအဆောက်အဦ ၄ လုံးထဲက သမဝါယမလီမီတက်ပိုင် အဆောက်အဦ ၃ လုံးအတွက် သိန်းပေါင်း ၁၇၀ ကျော်နဲ့ ဘဏ်ချေးငွေနဲ့ အာမခံထားတဲ့အိမ် ၁ လုံးကိုလည်း ကျပ်ငွေ ၄၃ သိန်း ပေးအပ်ခဲ့ပါတယ်။

မြန်မာ့အာမခံလုပ်ငန်းဟာ ၂၀၁၅ ဧပြီ – ၂၀၁၆ မတ်လအထိ  ရေဘေး၊ မီးဘေး၊ မင်္ဂလာဈေးရေစို အတွက် အားလုံး စုစုပေါင်းလျော်ကြေး သိန်းနှစ်သောင်းကျော်ပေးခဲ့ရပြီး ဒုတိယအများဆုံးကာလ ဖြစ်တဲ့ နာဂစ်တုန်းကလည်း သိန်းပေါင်း ၄ သောင်းလျော် ပထမအများဆုံး လျော်ခဲ့ရပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular