၁၉၉၀ ပြည့်နှစ်တွေက တာလီလန်တွေက သိမ်းပိုက်ထားခဲ့တဲ့ အာဖဂန်နစ္စတန် နိုင်ငံဟာ ဂီတ၊ ရုပ်သံ၊ အားကစား၊ အက စတဲ့အရာတွေကို အစ္စလာမ်ဘာသာရေးဆိုင်ရာ ထိန်းချုပ်မှုတွေနဲ့အတူ ကန့်သတ်တားမြစ်ခံထားခဲ့ရပါတယ်။
၂၀၀၁ ခုနှစ်မှာ အမေရိကန်ဦးဆောင်တဲ့ တပ်တွေက ပြန်လည်ကျူးကျော်သိမ်း ပိုက်ပြီးနောက်မှာတော့ အာဖဂန်နစ္စတန်နိုင်ငံမှာ ခုချိန်မှာတော့ များပြားလှတဲ့ ရုပ်သံ လိုင်းတွေ၊ အလှပြင်ဆိုင်တွေ၊ အားကစားကွင်းတွေ၊ မင်္ဂလာခန်းမတွေနဲ့အတူ ပြောင်းလဲ လာခဲ့ပါပြီ။
ဒါပေမယ့် အာဖဂန်လူမှုအဖွဲ့အစည်းအနေနဲ့ကတော့ ရှေးရိုးအယူတွေရှိနေဆဲဖြစ်ကာ အမျိုးသမီးတွေဟာ ဦးခေါင်းကအစ တကိုယ်လုံးကို ဘာကာအမည်ရတဲ့ ၀တ်ရုံတွေကို ခြုံထားကြရတာပါ။
ဒါပေမယ့် ခုချိန်မှာတော့ တာလီဘန်တွေရဲ့ ထိန်းချုပ်မှုကြောင့် တချိန်ကပျောက် ကွယ်နေခဲ့တဲ့ ဇမ်ဘာအကဟာ တကျော့ပြန်ခေတ်စားလာခဲ့တာပါ။
တောင်အမေရိကန်အကတမျိုးဖြစ်တဲ့ ဒီဇမ်ဘာအကနဲ့ ကျန်းမာရေးသင်တန်းဟာ လွန်ခဲ့တဲ့ ၂ လတည်းက မြို့တော် ကဘူးလ်မှာ စတင်ခဲ့ကာ လူပေါင်းများစွာကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။
သင်တန်းနည်းပြ အဒီနာမိုဟမ်မဒီက “ဇမ်ဘာအကနဲ့ ကျန်းမာရေးသင်တန်းဟာ အာဖဂန်နစ္စတန်နိုင်ငံထဲဝင်လာတာ ၂ လလောက်ရှိပြီး လူပေါင်းများစွာကို ဆွဲဆောင်နိုင် ခဲ့ပါတယ်။ တနိုင်ငံလုံး ကျယ်ကျယ်ပြန့်ပြန့်သိလာဖို့ ကျမ မျှော်လင့်ပါတယ်။ ဒီသင်တန်းကို စပြီးဆက်သွယ်တဲ့ သင်တန်းသားသစ်အနေနဲ့ ဆွဲဆောင်နိုင်ပါလိမ့်မယ်။ သူ့ရဲ့မိသားစုဝင် သုံးလေးယောက်လောက် ပါဝင်လာဖို့ပေါ့”လို့ ပြောပါတယ်။
“အစိုးရအနေနဲ့လည်း ဒီကျန်းမာရေးဆိုင်ရာ အကသင်တန်းတက်နေသူတွေရဲ့ လုံ ခြုံမှုအတွက် စီစဉ်ပေးသင့်ပါတယ်။”
အသက် ၁၈ နှစ်အရွယ် သင်တန်းသူတဦးဖြစ်တဲ့ မာ့ဇဂန်အာမဒီကတော့ ဒါဟာ စိတ်အပန်းဖြေမှုပုံစံတမျိုးဖြစ်တယ်လို့ ပြောပါတယ်။
“ကျမဒီသင်တန်းထဲ ပထမအကြိမ်ရောက်တုန်းက တယောက်ယောက်များ အ ခန်းထဲဝင်လာမလားဆိုပြီး ထိတ်လန့်ကြောက်ရွံ့ခဲ့မိတယ်။ ဒါပေမယ့် နောက်တော့ ကျမ ပြဿနာတွေ၊ စိုးထိတ်တာတွေကို လျစ်လျူရှုထားနိုင်ခဲ့ပါတယ်။ ဒီသင်တန်းက ကျမတို့ရဲ့ ပြဿနာတွေရင်ဆိုင်နိုင်ဖို့ အကောင်းဆုံးရလဒ်ကို ရရှိစေပါတယ်။”
စိတ်အပန်းဖြေမှုဟာ အာဖဂန်လူမှုအဖွဲ့အစည်းမှာ အရေးကြီးပြီး မြို့တော်ကဘူးလ် အနှံ့အပြား နေ့စဉ်ဒါမှမဟုတ် အပာတ်စဉ် ဗုံးပေါက်ကွဲမှုတွေကလည်း ရှိနေတာမို့ အလေးထားဆောင်ရွက်သင့်နေတာပါ။