အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင် အစည်းဝေး စတင် (ဓာတ်ပုံ)





1K
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးကို ဒီကနေ့ နေ့လယ် ၁ နာရီမှာ နေပြည်တော် ဥတ္တရသီရိမြို့နယ်မှာရှိတဲ့ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ စတင်ပြုလုပ်နေပါတယ်။
အန်အယ်လ်ဒီဗဟိုအလုပ် အမှုဆောင်စည်းဝေးပွဲမှာ အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေကို အပြီးသတ်ရွေးချယ်မယ်လို့ ပါတီထိပ်တန်းခေါင်းဆောင်တွေနဲ့ နီးစပ်သူက ပြောကြားထားပါတယ်။
သမ္မတအဖြစ် ရွေးချယ်ထားတဲ့ ဦးထင်ကျော်က ပြည်ထောင်စုလွှတ်တော်ကိုတင်ပြတဲ့ အစိုးရအဖွဲ့မှာ ၀န်ကြီးဌာန ၂၁ ခု ပါဝင်ပြီး အဲ့ဒီဌာနတွေကို ၀န်ကြီး ၁၈ ဦးက စီမံခန့်ခွဲသွားမှာ ဖြစ်ပါတယ်။
ဓာတ်ပုံ - ကျော်ဇေယျာဝင်း