မန်ချက်စတာ ကွင်းလယ်သမား ဖယ်လိုင်နီက သူဟာ ညစ်ပတ်တဲ့ ကစားသမား တယောက်မဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။
အသက် ၂၈ နှစ်အရွယ် ဖယ်လိုင်နီဟာ လီဗာပူး ကစားသမား ကန်အပေါ်မှာ တံတောင်နဲ့တွတ်လိုက်တဲ့ လုပ်ရပ်အပေါ် ကာကွယ် ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
လီဗာပူးကို ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးတဲ့ ယူရိုပါလိဂ် ရှုံးထွက် ပထမအကျော့ပွဲစဉ်မှာ ဖယ်လိုင်နီဟာ တဖက် ကစားသမားအပေါ် ကိုယ်ထိလက်ရောက် ပြုမူခဲ့တာပါ။
ကံကောင်းထောက်မံစွာပဲ ဘယ်ဂျီယမ် ကွင်းလယ်သမားဟာ ဒိုင်ရဲ့ အပြစ်ပေး အရေးယူခြင်းကနေ ကင်းလွတ်ခွင့် ရခဲ့ပါတယ်။
ကွင်းလယ်သမား ဖယ်လိုင်နီဟာ ခပ်မာမာ တုံ့ပြန်ကစားတဲ့အတွက် မန်ယူကို ၂၀၁၃ မှာ ရောက်ပြီး နောက်ပိုင်းမှာ ၂ ကြိမ်အထိ အနီကတ်နဲ့ အထုတ်ခံ ရဖူးပါတယ်။