ညစ်ပတ်သည့် ကစားသမားမဟုတ်ဟု မန်ယူကွင်းလယ်လူ ပြော

Football - Manchester United Press Conference - Jan Breydel Stadium, Bruges, Belgium - 25/8/15 Manchester United's Marouane Fellaini during the press conference Action Images via Reuters / Carl Recine Livepic
မန်ချက်စတာ ကွင်းလယ်သမား ဖယ်လိုင်နီက သူဟာ ညစ်ပတ်တဲ့ ကစားသမား တယောက်မဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။ အသက် ၂၈ နှစ်အရွယ် ဖယ်လိုင်နီဟာ လီဗာပူး ကစားသမား ကန်အပေါ်မှာ တံတောင်နဲ့တွတ်လိုက်တဲ့ လုပ်ရပ်အပေါ် ကာကွယ် ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ လီဗာပူးကို ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးတဲ့ ယူရိုပါလိဂ် ရှုံးထွက် ပထမအကျော့ပွဲစဉ်မှာ ဖယ်လိုင်နီဟာ တဖက် ကစားသမားအပေါ် ကိုယ်ထိလက်ရောက် ပြုမူခဲ့တာပါ။ ကံကောင်းထောက်မံစွာပဲ ဘယ်ဂျီယမ် ကွင်းလယ်သမားဟာ ဒိုင်ရဲ့ အပြစ်ပေး အရေးယူခြင်းကနေ ကင်းလွတ်ခွင့် ရခဲ့ပါတယ်။ ကွင်းလယ်သမား ဖယ်လိုင်နီဟာ ခပ်မာမာ တုံ့ပြန်ကစားတဲ့အတွက် မန်ယူကို ၂၀၁၃ မှာ ရောက်ပြီး နောက်ပိုင်းမှာ ၂ ကြိမ်အထိ အနီကတ်နဲ့ အထုတ်ခံ ရဖူးပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up