Home
မြန်မာသတင်း
မြန်မာ့ ရုပ်သံလွှင့်မီဒီယာဥပဒေ ညီလာခံ ဒုတိယနေ့ ကျင်းပ
DVB
·
March 20, 2016
10600639_1137597452941894_3076054982085875045_n
10441234_1137597352941904_7610604971315566926_n
10361050_1137597536275219_2181868382535608404_n
10175007_1137597582941881_4341403386932568908_n
မြန်မာ့ ရုပ်သံလွှင့်မီဒီယာဥပဒေ ညီလာခံကို ရန်ကုန်မြို့ Park Royal Hotel  မှာ ဒီကနေ့ မတ်လ ၂၀ ရက်နေ့မှာ ဒုတိယမြောက်နေ့အဖြစ် ကျင်းပနေပါတယ်။ သတင်းမီဒီယာလောကရဲ့ စိန်ခေါ်မှုတွေအပါအ၀င် ပုဂ္ဂလိကကဏ္ဍမှာ လွတ်လပ်စွာရှင်သန် လုပ်ကိုင်နိုင်မယ့် အနာဂတ်မီဒီယာလောက အခြေအနေတွေကို ဆွေးနွေး ကြတာ ဖြစ်ပါတယ်။ ဒီညီလာခံကို ဒီဗွီက ကြီးမှူးကျင်းပနေတာဖြစ်ပြီး ပြည်တွင်းပြည်ပက မီဒီယာ နဲ့ သက်ဆိုင် တဲ့ သူတွေ၊ နိုင်ငံရေးသမားတွေက ရှင်းလင်းဆွေးနွေးကြတာပါ။ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကတော့ Broadcate Law နဲ့ ပတ်သတ်ပြီး အားနည်းချက်တွေရှိတဲ့အကြောင်းနဲ့ ပြင်မလား အသစ်ဆွဲမလား ဆိုတာတော့ တက်လာမယ့် အစိုးရသစ်အပေါ် မှုတည်လို့ ပြောပါတယ်။ ဆက်သွယ်ရေးဥပဒေနဲ့ ပူးဆွဲရမှာဖြစ်တဲ့အကြောင်းလည်း ဦးရဲထွဋ် ပြောသွားပါတယ်။ ရုပ်မြင်သံကြားနဲ့ အသံထုတ်လွှင့်ခြင်းဆိုင်ရာဥပဒေကို ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက ထွက်ရှိပြီး နည်းဥပဒေပဲ ထွက်ဖို့ ကျန်ရှိနေတာပါ။ ရုပ်သံလွှင့် ဥပဒေဟာ အစိုးရပိုင် မီဒီယာနဲ့ အစိုးရနဲ့ နီးစပ်တဲ့ ပုဂ္ဂလိက မီဒီယာတွေကိုပဲ လုပ်ပိုင်ခွင့် ပြုထားတယ်ဆိုပြီး ပြောဆိုနေတာတွေ ရှိနေပါတယ်။ ဓာတ်ပုံ - မျိုးဇော်လင်း  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024