Home
မြန်မာသတင်း
ရန်ကုန်တွင် လူမိုက်များကို ရဲက သေနတ်ဖြင့် ပစ်ခတ်ဖမ်း
DVB
·
March 20, 2016
12798906_812394788889790_3107129767485700255_n
12790911_812388398890429_2188755825741053316_n
10259336_812394782223124_1947842231627400680_n
ရန်ကုန်၊ သီရိမင်္ဂလာဈေးမှာ ဗိုလ်ကျနေတဲ့ လူမိုက်တရားခံပြေး စန်းဦးနဲ့အပေါင်းပါတွေကို ရဲတပ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပါတယ်။ မတ်လ ၁၉ ရက် မွန်းလွဲပိုင်းမှာ သတင်းအရ ရဲတပ်ဖွဲ့ဝင်တွေက တွံတေးမြို့နယ်၊ ရန်ကြီးအောင်ကျေးရွာလမ်းမှာ စောင့်ဆိုင်းနေတုန်း ခဲရောင်ကားတစီးကို တားဆီးရာက ကားရပ်မပေးဘဲ နောက်ဆုတ်ပြေးလို့ ရဲက ကားဘီးကို သေနတ်နဲ့ပစ်ပြီး ရပ်တန့်စေခဲ့ပါတယ်။ ကားပေါ်ပါလူနဲ့ ပစ္စည်းတွေကို ရဲက ရှာဖွေစစ်ဆေးတဲ့အခါ ပိတောက်ချောင်းရဲစခန်းက အလိုရှိနေတဲ့ လူမိုက်ခေါင်းဆောင် စန်းဦးနဲ့ အပေါင်းပါ ၃ ဥိးကို ၉မမပစ္စတို ၁ လက်၊ ၎င်းကျည် ၄၇ တောင့်နဲ့ ကားနောက်ခန်းအတွင်းမှ အရိုးအသွား ၁၆ လက်မခွဲလောက်ရှိ ဓားမြှောင် ၂ ချောင်း၊ အရိုးအသွား ၁၆ လက်မရှိ ဘက်နက် ၁ ချောင်းတို့နဲ့အတူ ရှာဖွေတွေ့ရှိ ဖမ်းဆီးရမိခဲ့ပါတယ်။ လူမိုက်ခေါင်းဆောင် စန်းဦး ဆိုသူဟာ လှိုင်မြို့နယ်၊ သီရိမင်္ဂလာဈေးမှာ ဗိုလ်ကျအနိုင်ကျင့်နေသူတယောက်ဖြစ်ပြီး ရန်ကုန်တိုင်းရဲတပ်ဖွဲ့အနေနဲ့ ပြည်သူတွေကို စိုးရိမ်ကြေက်ရွံ့အောင် လုပ်နေကြတဲ့ လူဆိုးလူမိုက်တွေကို အထူးစီမံချက်နဲ့ ဖမ်းဆီးအရေးယူနေတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024