DVB Logo
Home
မြန်မာသတင်း
မြစ်ရေကြီးမှု အခြေအနေနှင့် ပတ်သက်ပြီး မိုးလေ၀သပညာရှင်နှင့် မေးမြန်းချက်
DVB
·
August 11, 2011
မြစ်ရေကြီးမှု အခြေအနေနှင့် ပတ်သက်ပြီး မိုးလေ၀သပညာရှင်နှင့် မေးမြန်းချက်
Donate to DVB

ချင်းတွင်း၊ ပဲခူးနဲ့ စစ်တောင်း စတဲ့ မြစ်တွေ ရေကြီးနေတာကြောင့် ပဲခူး၊ တောင်ငူ မြို့တွေ ရေကြီးခဲ့ပြီးနောက် လက်ရှိ မိုးရွာသွန်းမှု အခြေအနေ၊ မြစ်ရေကြီးမှုတွေ ဘယ်အချိန်လောက်အထိ ရှိနေနိုင်သလဲဆိုတာ မိုးလေ၀သပညာရှင် ဦးထွန်းလွင်ကို မေးမြန်းထားပါတယ်။

“မိုးကတော့ လောလောဆယ် တပြည်လုံးမှာ မနေ့က အတိုင်းအတာတော့ ရွာဖို့ရှိတယ်။ ဒါပေမယ့် မိုးသည်းဖို့ များဖို့တော့ သိပ်ပြီးတော့ တပြည်လုံးတော့ မရှိဘူး။ တိမ်အနေအထားအရ ပြောရရင် ရခိုင်ဘက်ရှိတယ်။ မြန်မာပြည် အထက်ပိုင်းရယ်၊ နောက် မွန်၊ တနင်္သာရီဘက် နည်းနည်းရှိတယ် ဒါပဲ။ ဒီမိုးကတော့ နောက်ထပ် ၇၂ နာရီ လောက်ကတော့ ဒီပုံစံ သွားကောင်း သွားမယ်ပေါ့နော်။ ဒါပေမယ့် မိုးအားကတော့ လျော့နေတယ်ဗျာ။ အဲဒီတော့ မိုးကတော့ ၂ ရက် ၃ ရက်လောက်ကတော့ ရွာဦးမယ်လို့ပဲ ယေဘုယျ ကျနော် မှန်းပါတယ်ခင်ဗျ။ ထူးထူးခြားခြားကတော့ မုန်တိုင်းလည်း မရှိပါဘူး။ မုတ်သုန်ကလည်း အားအသင့်အတင့်ပါပဲ။ ရေကတော့ ကြီးတဲ့နေရာ ကြီးနေတာ မှန်ပါတယ်။ ရေချိန်မြှင့်တက်နေတာ မှန်တယ်၊ လမ်းတွေ ရေကျော်တယ်။ ပဲခူးနားမှာ ပဲခူးအဝင်အထွက် စသည်ဖြင့် ရေတွေ မြုပ်နေတယ်။ အဲဒါတော့ ကျနော် ကြားရပါတယ်။ နောက် ချင်းတွင်း အထက်ပိုင်းမှာ ဟုမ္မလင်းတို့၊ ခန္တီးတို့၊ ကလေးဝတို့ စိုးရိမ်ရေအမှတ်ကျော်တယ်။ ဒါတွေ ကျနော် ကြားရပါတယ်။ လောလောဆယ်မှာတော့ ဒီထက် ထပ်ပြီးတော့ ပိုတက်စရာတော့ မိုးလေဝသ အခြေအနေအရတော့ မရှိဘူးလို့ ကျနော် မြင်ပါတယ်ခင်ဗျ။”

လက်ရှိမြစ်တွေ ရေတက်နေတဲ့အနေအထားကရော ဘယ်နှရက်လောက်အထိ ဆက်သွားနိုင်လဲဆရာ။

“မြစ်ကတော့ လောလောဆယ်ကတော့ ဧရာဝတီမြစ်ကတော့ တက်တာ မရှိဘူးဗျ။ ဒါပေမယ့် ကျနော်ပြောတဲ့ သံလွင်ရယ်၊ စစ်တောင်းရယ်၊ ငဝန်၊ ပဲခူး၊ နောက်ပြီးတော့ ချင်းတွင်းပေါ့နော်။ အနည်းဆုံးတော့ ဒီ အဆင့် မှာ ၄၈ နာရီ လောက်တော့ ရှိဦးမယ် ထင်တယ်။ သံလွင်ကတော့ မကဘူး။ အကြာကြီး ကြာတယ်။ သံလွင်နဲ့ စစ်တောင်းက လွဲရင် ကျန်တာတွေကတော့ ၄၈ နာရီ မှ ၇၂ နာရီလောက် အထိတော့ ရှိဦးမယ်လို့ ထင်ပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013