Thursday, June 8, 2023
HomeLead Storyမြန်မာပြည်တောင်ပိုင်းမှလွဲပြီး ကျန်ဒေသများ အပူလျော့နိုင်

မြန်မာပြည်တောင်ပိုင်းမှလွဲပြီး ကျန်ဒေသများ အပူလျော့နိုင်

လာမယ့် ၁၅ ရက်အတွင်း မြန်မာနိုင်ငံ တောင်ပိုင်းဒေသတွေမှာ ပုံမှန်ထက် ပိုပူနိုင်ပြီး ကျန်ဒေသတွေမှာ နေ့အပူချိန်တွေဟာ ပုံမှန်အပူချိန် (သို့မဟုတ်) ပုံမှန်အပူချိန်တို့အောက် အနည်းငယ်လျော့နည်းနိုင်တယ်လို့ မိုးလေ၀သဌာနက ခန့်မှန်းဖော်ပြပါတယ်။

ဒါ့အပြင် အနောက်ဘက်မှ ရွေ့လျားလာတဲ့ လေပွေလှိုင်းများကြောင့် နောက် ၅ ရက်အတွင်း မြန်မာနိုင်ငံအထက်ပိုင်းဒေသတွေမှာ မိုးရွာနိုင်တယ်လို့ မိုးလေ၀သဌာနက ဒီနေ့မွန်းလွဲပိုင်းမှာ သတင်းထုတ်ပါတယ်။

မနက်ဖြန်ညနေထိ ခန့်မှန်းချက်အရ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့တွင် နေရာကွက်ကျား မိုးအနည်းငယ် ထစ်ချုန်းရွာနိုင်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်ကိုဖော်ပြထားရာမှာတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ချင်းပြည်နယ်နှင့်‌ ရခိုင်ပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပါတယ်။

နေ့အပူချိန်များမှာ တစ်ပြည်လုံး မတ်လရဲ့  ပျမ်းမျှအပူချိန်ခန့် သာ ရှိခဲ့ပြီး ထူးခြားတဲ့ နေ့အပူချိန်များမှာ အောင်လံမြို့နှင့် သာယာဝတီမြို့တို့တွင် (၄၁)ဒီဂရီစင်တီဂရိတ်စီ၊ ချောက်မြို့၊ မကွေးမြို့၊ ပြည်မြို့၊ ကြို့ပင်ကောက်မြို့၊ ဟင်္သာတမြို့နှင့် ဘော်လခဲမြို့တို့မှာ (၄၀)ဒီဂရီစင်တီဂရိတ်စီတို့ ဖြစ်ကြပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular