ရခိုင်ပြည်နယ် မြို့နယ် ၉ ခု လျှပ်စစ်မီး ဖြတ်မည်



7.6K
ရခိုင်ပြည်နယ်၊ မြို့နယ် ၉ မြို့နယ်မှာ ၁၉ ရက်နေ့ မနက် ၇ နာရီကနေပြီးတော့ ၂၀ ရက်နေ့ ညနေ ၆ နာရီလောက်အထိ လျှပ်စစ်ဓာတ်အား ဖြတ်တောက်မယ်လို့ ပြည်နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း တာဝန်ရှိသူက ပြောပါတယ်။
လျှပ်စစ်မီးပြတ်မယ့်မြို့နယ်တွေဟာ စစ်တွေ၊ ကျောက်တော်၊ မြောက်ဦး၊ ကျောက်ဖြူ၊ သံတွဲ၊ တောင်ကုတ်၊ အမ်း၊ ရမ်းဗြဲ၊ ပုဏ္ဍားကျွန်း စတဲ့မြို့တွေဖြစ်ကြောင်း ပြည်နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်းမှ ဒု-အင်ဂျင်နီယာ ဦးမြင့်ဦးက ဒီဗွီဘီကိုပြောပါတယ်။
ရခိုင်ရိုးမပေါ်မှာ သစ်ပင်ပြိုလည်းပြီး တာဝါတိုင်ကို ထိနေတဲ့အတွက် ပြုပြင်ရမှာ ဖြစ်ပါတယ်။