Home
သတင်းဓာတ်ပုံ
ဒလမြို့နယ်တွင် ကန်ရေခန်းခြောက်မှု စတင်ဖြစ်ပေါ် (ဓာတ်ပုံ)
DVB
·
March 18, 2016
10603524_1284484754900148_5358523564342288544_n
970571_1284484634900160_7841519994944901630_n
600737_1284484601566830_2432529624931634057_n
7778_1284484564900167_8137704002014289201_n
3021_1284484671566823_6272032978362392534_n
သောက်သုံးရေ ရှားပါးမှုကို နှစ်စဉ်ကြုံတွေ့နေရတဲ့ ဒလမြို့နယ်မှာ ကန်ရေခန်းခြောက်မှုတွေ စတင်ဖြစ်ပေါ်နေပါတယ်။ ဒီနှစ် ဒလမြို့နယ်မှာ ကန်ရေခန်းခြောက်မှုဟာ အရင်နှစ်ထက် စောတယ်လို့ ဒလမြို့အခြေစိုက် ရှင်ရေးကူညီမှုအသင်းက ပြောပါတယ်။ အဲဒီ့အတွက် ဖေဖော်ဝါရီလ တတိယပတ်က စပြီး ဒလမြို့နယ်မှာ အလှူရှင်တချို့က သောက်ရေ လှူဒါန်းမှုတွေ စလုပ်နေပါတယ်။ ဒီနေ့ မတ်လ ၁၈ ရက်နေ့ကလည်း ရှင်ရေးကူညီမှုအသင်း ဦးဆောင်ပြီး အလှူရှင် ၂ ဖွဲ့က ဒလမြို့နယ်၊ အံ့ကြီးအနောက်ရပ်ကွက်နဲ့ ရပ်ကွက်တချို့မှာ ၂၀ လီတာဆံ့ သောက်ရေသန့်တွေ လာရောက်လှူဒါန်းခဲ့ပါတယ်။ ကန်ရေခန်းခြောက်မှုစောတာကြောင့် ဒီနှစ်မှာ အရင်နှစ်ထက် သောက်သုံးရေရှားပါးမှု အခက်အခဲကို ပိုမိုခံစားရနိုင်တယ်လို့လည်း ဒေသခံတွေက ခန့်မှန်းထားကြပါတယ်။ သတင်းဓာတ်ပုံ - အာကာ  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024