Sunday, May 28, 2023
HomeLead Storyထိုင်းနိုင်ငံထုတ် စားသုံးရန်မသင့် ရက်လွန် အုန်းဂျယ်လီများ သိမ်းဆည်း

ထိုင်းနိုင်ငံထုတ် စားသုံးရန်မသင့် ရက်လွန် အုန်းဂျယ်လီများ သိမ်းဆည်း

တနင်္သာရီတိုင်း ကော့သောင်းမြို့မှာ ထိုင်းနိုင်ငံကနေ တင်သွင်းလာတဲ့ စားသုံးရန်မသင့် ရက်လွန် အုန်းဂျယ်လီတွေ ဖြန့်ဖြူးရောင်းချနေမှုကို တာဝန်ရှိသူတွေက သိမ်းဆည်းခဲ့ပါတယ်။

‘၂၁-၈-၂ဝ၁၄ Expire date’ ရေးသားထားတဲ့ အုန်းဂျယ်လီ စားသောက်ကုန် အထုပ်တွေကို အေးရိပ်ငြိမ်ရပ်ကွက် ကုန်စုံ လက်ကားရောင်းချတဲ့ ဆိုင်တဆိုင်က ဖြန့်ဖြူးနေကြောင်း သတင်းရလို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနဲ့ တာဝန်ရှိသူတွေ ကွင်းဆင်းစစ်ဆေးပြီး မြို့နယ်အတွင်း လက်လီဆိုင်တွေမှာ မတ် ၁၄ ရက်နေ့က လိုက်လံသိမ်းဆည်းခဲ့တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ရက်လွန် အုန်းဂျယ်လီတွေကို ဖြန့်ဖြူးခဲ့တာ ရက်သတ္တ တပတ်လောက်ရှိပြီဖြစ်ပြီး နယ်အဝေးအချို့ဆိုင်တွေမှာ ကျန်ရှိနိုင်လို့ သက်ဆိုင်ရာနယ်မြေအလိုက် ကျယ်ကျယ်ပြန့်ပြန့် သိရှိ နိုင်ရေး ဒေသခံစားသုံးသူတွေကို အသိပေးနှိုးဆော်ထားတယ်လို့ ဆိုပါတယ်။

ရက်လွန် ဂျယ်လီတွေကို ကျောင်းသား ကျောင်းသူ ကလေးငယ်တွေ ဝယ်ယူစားသုံးမိပြီး ဘေးအန္တရာယ်မဖြစ်ပေါ်စေရေး မိဘအုပ်ထိန်းသူတွေကိုလည်း နှိုးဆော်အသိပေးထားကြောင်း၊ တစ်ဖက်နိုင်ငံကနေ တင်သွင်းတဲ့ စားသောက်ကုန်ပစ္စည်းတွေကို ထုတ်လုပ်တဲ့ ရက်စွဲ၊ သက်တမ်းကုန်ဆုံးမယ့် ရက်စွဲကို ဖတ်ရှုပြီးမှ ဝယ်ယူစားသုံးကြဖို့ တာဝန်ရှိသူတွေ အသိပေး တိုက်တွန်းနှိုးဆော်ထားတယ်လို့ သိရပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular