DVB Logo
Home
မြန်မာသတင်း
အစိုး​ရသစ် ပထမဆုံး​ သတင်း​စာရှင်း​လင်း​ပွဲ လုပ်မည်
DVB
·
August 10, 2011
Donate to DVB

သမ္မတ ဦး​သိန်း​စိန်ဦး​ဆောင်တဲ့​ ပြည်​ထောင်စုအစိုး​ရအဖွဲ့​က အာဏာလွှဲ​ပြောင်း​ယူပြီး​ ၄ လ ​ကျော်အကြာမှာ ပထမဆုံး​ သတင်း​စာရှင်း​လင်း​ပွဲကို ​နေပြည်​တော်မှာ ပြုလုပ်ဖို့​ရှိ​နေပါတယ်။

လာမယ့်​ ၁၂ ရက် ​သောကြာ​နေ့​ မနက် ၁၀ နာရီ ​နေပြည်​တော်က ပြန်ကြား​ရေး​ဝန်ကြီး​ဌာနမှာ သတင်း​စာရှင်း​လင်း​ပွဲကို ပြုလုပ်ဖို့​ရှိ​နေတာပါ။

ဒီသတင်း​စာရှင်း​လင်း​ပွဲကို အစိုး​ရအဖွဲ့​သစ်ရဲ့​ ပြန်ကြား​ရေး​အဖွဲ့​ခေါင်း​ဆောင် ပြန်ကြား​ရေး​နှင့်​ ယဉ်​ကျေး​မှုဝန်ကြီး​ ဦး​ကျော်ဆန်း​နဲ့​အတူ အခြား​ပြည်​ထောင်စုဝန်ကြီး​ ၇ ဦး​လောက်က လုပ်​ဆောင်ချက်​တွေနဲ့​ ပတ်သက်ပြီး​ ရှင်း​လင်း​ပြောကြား​ဖို့​ ရှိ​နေတာလည်း​ ဖြစ်ပါတယ်။

ဒီသတင်း​စာရှင်း​လင်း​ပွဲကို တက်​ရောက်ဖို့​ စာ​ပေစိစစ်​ရေး​က​နေ ဂျာနယ် တာဝန်ရှိသူ​တွေဆီကို ဒီက​နေ့​ ဆက်သွယ်ပြီး​ ဂျာနယ်တစ်တိုက်ကို သတင်း​ထောက် နှစ်ဦး​နှုန်း​တက်​ရောက်ခွင့်​ရှိ​ကြောင်း​ အ​ကြောင်း​ကြား​ခဲ့​တယ်လို့​ ပြည်တွင်း​က ဂျာနယ် အယ်ဒီတာချုပ်အချို့​က ​ပြောပါတယ်။

ဒီလို အစိုး​ရအဖွဲ့​သစ်က ပထမဆုံး​ သတင်း​စာရှင်း​လင်း​ပွဲပြုလုပ်ဖို့​ စီစဉ်လာတဲ့​အ​ပေါ် သတင်း​ဂျာနယ် တာဝန်ခံအယ်ဒီတာတဦး​က​တော့​ အခုလို သုံး​သပ်ထား​ပါတယ်။

“ဘာပဲ​ပြော​ပြော တချက်​တော့​ ​စောင့်​ကြည့်​ရမှာ​ပေါ့​။ ပထမဆုံး​ အကြိမ်လည်း​ ဖြစ်​နေတာကို။ ဒီဘက်ပိုင်း​မှာ ထိပ်တိုက်မ​တွေ့​ရ​သေး​ဘူး​။ ​ပြောရမှာ နဲနဲ​တော့​ ​စော​နေ​သေး​တယ်။ အ​ပြောင်း​ အလဲလုပ်မလုပ် တချက်​တော့​ ကြည့်​ရမယ်။ ပြီး​တော့​ လွှတ်​တော်နီး​လာ​တော့​ အသံထွက်သွား​အောင် တမင်လုပ်တဲ့​ သ​ဘော​တော့​ ရှိတယ်။ ဘာလို့​လည်း​ဆို​တော့​ ဒါမျိုး​မလုပ်ခဲ့​ရင် လွှတ်​တော်ကိုယ်စား​လှယ်​တွေစီက တ​ယောက်တစစီ ဆွဲထုတ်လာရင် အသံ​တွေက မျိုး​စုံထွက်လာမှာ မကြိုက်ဘူး​ထင်ပါတယ်။ အဲဒီ​တော့​ ဗဟိုအစိုး​ရရဲ့​ ​ပေါ်လစီကို တခါတည်း​ ထုတ်ပြချင်တဲ့​သ​ဘောလို့​တော့​ ထင်တာပဲ။”

အခြား​ဂျာနယ်အယ်ဒီတာတဦး​ကလည်း​ အရင်သတင်း​စာရှင်း​လင်း​ပွဲ​တွေနဲ့​ နှိုင်း​ယှဉ်ပြီး​ အခုလို သုံး​သပ်ထား​ပါတယ်။

“တ​လျှောက်လုံး​လုပ်ခဲ့​တာ အစီအစဉ်တကျနဲ့​ ​ကောင်း​ကောင်း​မွန်မွန် လုပ်ခဲ့​တာ ​တွေ့​မှမ​တွေ့​တာပဲ။ ဟိုတုန်း​ကဆို ​မေး​ခွန်း​စာရွက်​တွေကို သူတို့​ကိုယ်တိုင် ​ဝေပြီး​တော့​မှ ဘယ်သူက ဘာ​မေး​ဆိုပြီး​ လုပ်ခဲ့​ဖူး​တယ်။ တက်​တော့​တက်တာ​ပေါ့​။ တကယ့်​သတင်း​စာ ရှင်း​လင်း​ပွဲ ပုံစံက​တော့​ မထွက်ခဲ့​ဘူး​။ အခု​တော့​ ဘယ်လိုလုပ်မလဲ မသိ​သေး​တော့​ ​ပြောရခက်တယ်။ ဘယ်သူ​တွေက တာဝန်ခံ​ဖြေ​ပေး​မယ်။ ဘယ်အ​ကြောင်း​အရာ​တွေကို ​မေး​နိုင်တယ်။ အခုက ဘာတခုမှ မသိရဘူး​။ မသိရ​တော့​ ​ဝေဖန်ရခက်တယ်။ ​နောက်တခု အခုချိန်က ပိုပြီး​ ပွင့်​လင်း​မြင်သာမှု ရှိတဲ့​ပုံစံမျိုး​တော့​ မ​တွေ့​ရ​သေး​ဘူး​။”

အစိုး​ရအဖွဲ့​သစ်ဟာ လာမယ့်​ ၂၂ ရက်​နေ့​မှာပြုလုပ်မယ့်​ ဒုတိယအကြိမ် လွှတ်​တော်ပုံမှန်အစည်း​အ​ဝေး​ ဖွင့်​ပွဲအခမ်း​အနား​မှာလည်း​ သတင်း​မီဒီယာ​တွေကို ဖိတ်​ခေါ်မှု​တွေရှိ​နေပါတယ်။

အဲ့​ဒီမှာဆိုရင်လည်း​ ဂျာနယ်တတိုက်ကို ​မေး​ခွန်း​ ၃ ခု ​မေး​မြန်း​ခွင့်​ရရှိကြမှာဖြစ်ပြီး​ အခုအချိန်ကတည်း​က ကြိုတင်ပြီး​ ဒီ​မေး​ခွန်း​တွေကို ​ပေး​ပို့​ကြဖို့​လည်း​ ပန်ကြား​ထား​ပါတယ်။

ဒီအ​ပေါ်ကိုလည်း​ ပြည်တွင်း​မီဒီယာအချို့​ က​တော့​ ​ဝေဖန်မှု​တွေလည်း​ ရှိ​နေသလို အချို့​က​တော့​ သတင်း​စာရှင်း​လင်း​ပွဲ​တွေ အစိုး​ရသစ်က မလုပ်တာထက် လုပ်လာ တာကို အပြုသ​ဘော​ဆောင်ကြိုဆိုကြတာမျိုး​တွေလည်း​ ရှိကြပါတယ်။

ဒီအ​ခြေအ​နေအ​ပေါ်မှာ​တော့​ အစိုး​ရအဖွဲ့​သစ်အ​နေနဲ့​ အရင် စစ်အုပ်ချုပ်​ရေး​နဲ့​ အုပ်ချုပ်ခဲ့​တဲ့​ အစိုး​ရ​တွေထက် ပိုမိုပြီး​ ဒီမိုက​ရေစီဆန်ဆန် ပွင့်​လင်း​မြင်သာမှုရှိရှိ သတင်း​စာရှင်း​လင်း​ပွဲ​တွေကို လုပ်​ဆောင်လာမယ်ဆိုတာ​တော့​ ​စောင့်​ကြည့်​ရမှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013