မီရှဲလ်အိုဘားမား သီဆိုသည့် လူမှုအကျိုးပြုတေးသီချင်းသစ်ထွက်ရှိ

အမေရိကန်နိုင်ငံ သမ္မတကတော် မီရှဲလ်အိုဘားမားဟာ “ဒါဟာ ငါ့ရဲ့ မိန်းကလေး တွေအတွက်ပါ (This Is For My Girls)” လို့ အမည်ပေးထားတဲ့ လူမှုအကျိုးပြုသီချင်း တပုဒ်ကို စတင်ထုတ်လွှင့်ခဲ့ပြီး itunes မှာ စတင်ဝယ်ယူနိုင်ပြီလို့ သိရပါတယ်။ ဒီသီချင်းဟာ သူ့ရဲ့ အမျိုးသမီးကလေးများ ပညာဆက်လက်သင်ကြားနိုင်ရေး လှုပ်ရှားမှုအစီအစဉ် (Let Girls Learn Campaign) အတွက် ရန်ပုံငွေမြှင့်တင်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ သီဆိုခဲ့တာလို့ ဆိုပါတယ်။ ဒီသီချင်းကို အမျိုးသမီးတေးရေးဆရာ ဒိုင်ယန်းဝါရင်က ရေးပေးထားပြီး မိန်းက လေးတွေရဲ့ စွမ်းအားကို မြှင့်တင်အားပေးတဲ့ စာသားတွေပါဝင်ကာ မီရှဲလ်နဲ့အတူ လူသိများတဲ့ တခြားအမျိုးသမီးအနုပညာရှင်တွေလည်း ပါဝင်တယ်လို့ ဟားပါးဘဇာသတင်းမှာ ဖော်ပြပါတယ်။ မီရှဲလ်နဲ့အတူပါဝင်သီဆိုကြသူတွေကတော့ Destiny’s Child အမျိုးသမီးပေါ့ပ်ဂီ တအဖွဲ့ဝင် ကယ်လီရိုလန်၊ နာမည်ကျော်သရုပ်ဆောင်၊ မော်ဒယ်နဲ့ အဆိုတော်တွေဖြစ် ကြတဲ့ ဇန်ဒရာနဲ့ လီရာမီရှဲလ်တို့ ဖြစ်ပါတယ်။ တေးရေးဆရာမ ဒိုင်ယန်းဝါရင်က “ကျမ သီချင်းတပုဒ်ထဲမှာ ခုလိုမတူညီတဲ့ အ မျိုးသမီးတွေအတူပါဝင်တာကို အံ့သြမိပါတယ်။ ကယ်လီရိုလန်ဆိုရင်လည်း ဒါဟာ သူ့ရဲ့ Destiny’s Child အဖွဲ့ရဲ့ နောက်ဆုံးထွက်အတိုင်းဆိုခဲ့တာပါ။ ဒီသီချင်းဟာ တကမ္ဘာလုံးအနေနဲ့ အမျိုးသားရေးကြွေးကြော်မှု သီချင်းတပုဒ်ဖြစ်လာနိုင်မယ်လို့ ထင်ပါတယ်”လို့ Billboard ကို ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up