ရှမ်းပြည်တပ်မတော်တောင်ပိုင်း စစ်ဦးစီးချုပ် လားရှိုးရောက် (ဓာတ်ပုံ)
DVB
·
March 17, 2016
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော်(တောင်ပိုင်း)ရဲ့ စစ်ဦးစီးချုပ်ဖြစ်သူ ဦးယွက်ဆစ် ဟာ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)နဲ့ ပတ်သက်ပြီး ရှင်းပြဖို့ လားရှိုးမြို့ကို ရောက်ရှိနေပါတယ်။
RCSS/SSA တပ်မတော်ရဲ့ စစ်ဦးစီးချုပ် ဦးယွက်ဆစ်နဲ့ အဖွဲ့ဝင်တွေဟာ ၁၆ ရက်နေ့ ညနေ ၃း၃၀ အချိန်က Air KBZ လေကြောင်းလိုင်းနဲ့ လားရှိုးလေဆိပ်ကို ရောက်ရှိလာတာပါ။
ဒီနေ့ လားရှိုးမြို့ ရပ်ကွက် ၁၂ အတွင်းမှာရှိတဲ့ သီရိမင်္ဂလာမန်ဆူ ရှမ်းကျောင်းတိုက်မှာ လူထုနဲ့ တွေ့ဆုံပြီး NCA ကိစ္စကို ရှင်းလင်းပြောကြားသွားမယ်လို့ တောင်ကြီးမြို့ RCSS/SSA ဆက်ဆံရေးရုံးက ဦးစိုင်းကျော်က ဒီဗွီဘီကိုပြောပါတယ်။ (ဓာတ်ပုံ - ခွန်ဇော်ဦး)