ပြည်ထောင်စုလွှတ်တော်တွင် သမ္မတ၊ ဒုသမ္မတတွေကို မဲပေးရွေးချယ်ရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တင်သွင်းခဲ့တဲ့ ဦးထင်ကျော်နဲ့ ဦးဟင်နရီဗန်ထီးယူတို့ကို ထောက်ခံပေးခဲ့ကြတဲ့ နိုင်ငံရေးပါတီအသီးသီးက ကိုယ်စားလှယ်တွေကို အထူးကျေးဇူးတင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြောကြားလိုက်ပါတယ်။
သူ့ရဲ့ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ အခုလို ပြောကြားလိုက်တာဖြစ်ပြီး ပြည်သူတွေနဲ့အတူ ရှေ့ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေကိုလည်း ကျော်လွှားနိုင်မယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။