A d v e r t i s e m e n t With Us

ကချင်အာဇာနည်​နေ့​ ဂုဏ်ပြုပွဲကျင်း​ပ

ကချင်လွတ်​မြောက်​ရေး​အတွက် အသက်စွန့်​သွား​ခဲ့​တဲ့​ မျိုး​ချစ်ပုဂ္ဂိုလ်​တွေကို ဂုဏ်ပြုတဲ့​အ​နေနဲ့​ ၃၆ နှစ်​မြောက် ကချင်အာဇာနည်​နေ့​အခမ်း​အနား​ကို ထိုင်း​-မြန်မာနယ်စပ်တ​နေရာမှာ ဒီက​နေ့​ ကျင်း​ပခဲ့​ပြီး​ ​ကြေညာချက်တ​စောင် ထုတ်ပြန်ခဲ့​ပါတယ်။ အခမ်း​အနား​ကို ထိုင်း​နိုင်ငံ​ရောက် ကချင်စင်တာအဖွဲ့​က ဦး​စီး​ဆောင်ရွက်ခဲ့​ပြီး​ ကချင်အဖွဲ့​အစည်း​နဲ့​ ကချင်လူမျိုး​တွေ တက်​ရောက်ခဲ့​ပါတယ်။ ကြေညာချက်နဲ့​ပတ်သက်ပြီး​ ကချင်စင်တာအဖွဲ့​ရဲ့​ အတွင်း​ရေး​မှူး​ ကို​ဘောဝ်လာဒွဲက “ကျ​နော်တို့​ ကချင်စင်တာအ​နေနဲ့​က​တော့​ အစိုး​ရနဲ့​ ​ကေအိုင်​အေကြား​မှာ ဖြစ်​နေတဲ့​ ပဋိပက္ခ​တွေ​ကြောင့်​ ပြည်သူ​တွေ ဒုက္ခ​ရောက်​နေကြပါတယ်။ ဆို​တော့​ ကျ​နော်တို့​ ကချင်တမျိုး​သား​လုံး​ အ​နေနဲ့​ တတ်နိုင်သ​လောက် စည်း​လုံး​ညီညွတ်ပြီး​တော့​ ဒုက္ခ​ရောက်​နေတဲ့​ ကျ​နော်တို့​ပြည်သူ​တွေကို ကူညီပြီး​တော့​ တိုင်း​ပြည်​အေး​ချမ်း​ဖို့​အတွက် စစ်မှန်တဲ့​ဒီမိုက​ရေစီ ရရှိဖို့​အတွက် ဆက်လက်ပြီး​ တိုက်ပွဲဝင်သွား​မယ်။ ကြိုး​စား​သွား​မယ်ဆိုတဲ့​ အရာ​ပေါ့​။ အဲဒါကို ကချင်စင်တာအ​နေနဲ့​ ​ပြောချင်ပါတယ်” လို့​ ဆိုပါတယ်။ ကချင်အာဇာနည်​နေ့​ကို ကချင်လွတ်​မြောက်​ရေး​တပ်မ​တော် ​ကေအိုင်​အေကို စတင်ထူ​ထောင်ခဲ့​တဲ့​ ဗိုလ်ချုပ် လ​ထော် ဇွာဆိုင်း​ ကျဆုံး​ခဲ့​တဲ့​နေ့​ကို အစွဲပြုပြီး​ သတ်မှတ်ကျင်း​ပခဲ့​ပါတယ်။ မြန်မာနိုင်ငံလွတ်လပ်​ရေး​ရပြီး​ ဆယ်နှစ်ကြာရင် ခွဲထွက်နိုင်တဲ့​ ပင်လုံစာချုပ်ပါအချက်ကို မြန်မာအစိုး​ရက ​ဖောက်ဖျက်ခဲ့​တဲ့​အတွက် တိုက်ပွဲဝင်ဖို့​ ကချင်​တော်လှန်​ရေး​ကို ၁၉၆၁ ခုနှစ် ​ဖေ​ဖော်ဝါရီ ၅ ရက်​နေ့​မှာ စတင်ခဲ့​ပါတယ်။ မျိုး​ချစ်စိတ်ပြင်း​ပြသူ၊​ ရဲရင့်​သူ၊​ လက်​အောက်ငယ်သား​ကို ငဲ့​ညှာတတ်သူ ​ခေါင်း​ဆောင်တဦး​ဖြစ်ခဲ့​တဲ့​ ဗိုလ်ချုပ် လ​ထော် ​ဇော်ဆိုင်း​အပါဝင် ​ကေအိုင်​အေ ​တော်လှန်​ရေး​သမား​ ငါး​ဦး​တို့​ဟာ ​တော်လှန်​ရေး​တာဝန်​တွေ ထမ်း​ဆောင်ရင်း​ လွန်ခဲ့​တဲ့​ ၁၉၇၅ ခုနှစ် ဩဂုတ်လက ထိုင်း​-မြန်မာနယ်စပ်တစ်​နေရာမှာ မြန်မာအစိုး​ရသူလျှိုရဲ့​ လုပ်ကြံသတ်ဖြတ်တာကို ခံခဲ့​ရပါတယ်။ ကချင်အမျိုး​သား​ရေး​အတွက် သတ္တိရှိရှိ အသက်စွန့်​သွား​သူ၊​ မျိုး​ချစ်စိတ်ရှိသူ​တွေကို မျိုး​ဆက်သစ်​တွေ စံနမူနာယူဖို့​၊​ မ​မေ့​မ​လျော့​ ဂုဏ်ပြုဖို့​ ကျင်း​ပခဲ့​တယ်လို့​လည်း​ ကို​ဘောဝ်လာဒွဲက ​ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up