ဒဏ်ရာကြောင့် မန်စီးတီးအသင်းခေါင်းဆောင် တလ နားရမည်

ဓာတ်ပုံ - ရိုက်တာ
အင်္ဂလန် ပရီးမီးယားလိဂ်က မန်စီးတီး အသင်းခေါင်းဆောင် ဗင်းဆင့် ကွန်ပနီဟာ ဒဏ်ရာကြောင့် တလလောက် အနားယူရတော့မှာ ဖြစ်ပါတယ်။ အသက် ၂၉ နှစ်အရွယ် ကွန်ပနီဟာ မတ် ၁၆ ရက် ဒိုင်နမိုကိယက်နဲ့ ကစားတဲ့ ချန်ပီယံလိဂ်ပွဲမှာ ကြွက်သားဒဏ်ရာ ရခဲ့တာပါ။ ကွန်ပနီဟာ ဒီနှစ် ရာသီထဲ ဒဏ်ရာကြောင့် ပရီးမီးယားလိဂ်မှာ ၁၃ ပွဲပဲ ကစားခွင့် ရထားပါတယ်။ သူဟာ ၂၀၀၈ ကနေ စပြီး ကြွက်သားဒဏ်ရာ ၁၄ ကြိမ်အထိ ရခဲ့ပါတယ်။ မန်စီးတီးနည်းပြ ပယ်လီဂရီနီကတော့ ကွန်ပနီရတဲ့ ကြွက်သားဒဏ်ရာက အရင်ဒဏ်ရာ ပုံစံမျိုးပါပဲလို့ ပြောပါတယ်။ ဒဏ်ရာကြောင့် ဘယ်ဂျီယံလက်ရွေးစင် နောက်တန်းသမားဟာ ချန်ပီယံလိဂ် ကွာတားပွဲစဉ်တွေ အပါအ၀င် လာမယ့် တနင်္ဂနွေနေ့ မန်ယူနဲ့ ကစားမယ့်ပွဲပါ လွဲချော်မှာ ဖြစ်ပါတယ်။ မန်စီးတီးဟာ ကွန်ပနီ မကစားနိုင်တဲ့ အချိန်တွေမှာ နောက်တန်းက အမှားအယွင်း များခဲ့သလို ပွဲတိုင်းနီးပါးလည်း ဂိုးတွေ ပေးရလေ့ ရှိပါတယ်။

More News
Up